၁၃ အောက်တိုဘာ ၂၀၂၆ - ၂၃:၄၁
ယီမင်နိုင်ငံ၏ ဒေသအသီးသီးကို ဆော်ဒီအာရေဗျက ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

ဆော်ဒီအာရေဗျအစိုးရသည် ယီမင်နိုင်ငံရှိ ဒေသအသီးသီးကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး၊ ဆအ်ဒါပြည်နယ်အပါအဝင် နေရာအများအပြားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သတင်းများက ဖော်ပြတယ်။ ယီမင်လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် ၏ ပြောကြားချက်အရ ဆော်ဒီအာရေဗျသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ယီမင်နိုင်ငံအပေါ် ဒုံးကျည်နှင့် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၁၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA သတင်းဌာန ၏ အစီရင်ခံစာအရ အောက်တိုဘာ ၁၃ ရက် သတင်းဖော်ပြချက်အရ ဆော်ဒီအာရေဗျအစိုးရသည် ယီမင်နိုင်ငံ၏ ဒေသအသီးသီးကို ကျယ်ပြန့်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။

အယ်လ်မယာဒင် ရုပ်သံဌာန၏ သတင်းအရ ဆော်ဒီအာရေဗျသည် ယနေ့တွင် ဆအ်ဒါပြည်နယ်အပါအဝင် ယီမင်နိုင်ငံ၏ နေရာအများအပြားကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ယီမင်နိုင်ငံပိုင် ဆဘာ (Saba) သတင်းအေဂျင်စီကလည်း နိုင်ငံမြောက်ပိုင်းရှိ ဆအ်ဒါပြည်နယ်၊ မာရန်ဒေသကို ဆော်ဒီစစ်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းဖော်ပြခဲ့ပါတယ်။

ယင်းတိုက်ခိုက်မှုများ မဖြစ်ပွားမီ ပြီးခဲ့သည့်ညတွင် ယီမင်လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က ဆော်ဒီအာရေဗျအစိုးရသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ယီမင်နိုင်ငံအပေါ် ဒုံးကျည်ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၁၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်း၏ ပြောကြားချက်အရ အဆိုပါ တိုက်ခိုက်မှုများအတွင်း ယီမင်နိုင်ငံ၏ မြို့တော် ဆနာအ် အပြင် အယ်လ်ဂျော်ဖ်၊ တအစ်ဇ်၊ ဆအ်ဒါ၊ မာရစ်ဘ်၊ လဟ်ဂျ်၊ အယ်လ်ဘိုင်ဒါနှင့် အဘ်ယန် ပြည်နယ်များရှိ အရပ်ဘက်အခြေခံအဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha