၁၇ အောက်တိုဘာ ၂၀၂၆ - ၀၀:၀၇
မက္ကဟ် နှင့် မဒီနာ မှအပ ဆော်ဒီအာရေဗျနိုင်ငံ၏ လေပိုင်နက်နှင့် လေဆိပ်များသည် မလုံခြုံကြောင်း ယီမင်က သတိပေး

ယီမင်လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က ခရီးသည်များအား ဆော်ဒီအာရေဗျနိုင်ငံ၏ လေပိုင်နက်နှင့် လေဆိပ်များကို အသုံးပြုခြင်းနှင့်ပတ်သက်၍ သတိပေးခဲ့ပြီး၊ ၎င်းနေရာများသည် စစ်ရေးတိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သည့် နယ်မြေများဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ  ယီမင်လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် သည် ဆော်ဒီအာရေဗျနိုင်ငံ၏ လေပိုင်နက်နှင့် လေဆိပ်များကို အသုံးပြုခြင်းနှင့်ပတ်သက်၍ ယခင်က ထုတ်ပြန်ခဲ့သည့် သတိပေးချက်ကို ထပ်မံကြေညာခဲ့ပါတယ်။ ၎င်းနေရာများသည် ယီမင်စစ်တပ်၏ ဖြစ်နိုင်ခြေရှိသော တိုက်ခိုက်မှုများကို ကြုံတွေ့ရနိုင်သည့် နေရာများဖြစ်ကြောင်း ၎င်းက ကြေညာခဲ့ပါတယ်။

၎င်း၏ သတင်းစကားတစ်ရပ်တွင် ယီမင်လက်နက်ကိုင်တပ်ဖွဲ့သည် လေကြောင်းလိုင်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် ခရီးသည်များအား ဆော်ဒီအာရေဗျနိုင်ငံ၏ လေဆိပ်များနှင့် လေပိုင်နက်ကို အသုံးပြုခြင်းနှင့်ပတ်သက်၍ ယခင်ထုတ်ပြန်ထားသော သတိပေးချက်ကို ထပ်မံသတိပေးကြောင်း ကြေညာခဲ့ပါတယ်။

ယီမင်လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဆော်ဒီအာရေဗျနိုင်ငံ၏ လေဆိပ်များနှင့် လေပိုင်နက်သည် ပစ်မှတ်များဖြစ်ကြောင်း၊ ၎င်းတို့ကို လက်နက်ကိုင်တပ်ဖွဲ့၏ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော် မက္ကဟ် နှင့် မဒီနာမြို့ရှိ လေဆိပ်များကိုမူ ယခုသတိပေးချက်မှ ချန်လှပ်ထားကြောင်း ဖော်ပြခဲ့ပါတယ်။

ဤသတိပေးချက်သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ယီမင်လက်နက်ကိုင်တပ်ဖွဲ့၏ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုများသည် ဆော်ဒီအာရေဗျနိုင်ငံရှိ ပစ်မှတ်အမျိုးမျိုးကို ထိမှန်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ထိုပစ်မှတ်များတွင် ရီယာ့ဒ်မြို့ရှိ ခါလစ်ဘုရင် အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် ခမီးစ် မူရှိုက်မြို့ရှိ လေတပ်စခန်း တို့လည်း ပါဝင်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha