၁၇ အောက်တိုဘာ ၂၀၂၆ - ၀၈:၃၆
ဆော်ဒီအာရေဗျရှိ အာရမ်ကို ရေနံစက်ရုံများ ၏ မီးလောင်မှု ဆက်လက်ဖြစ်ပွားနေ

ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းရှိ အာရမ်ကို (Aramco) ၏ ရေနံလုပ်ငန်းဆိုင်ရာ အဆောက်အအုံများတွင် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း မီဒီယာသတင်းရင်းမြစ်များက ဖော်ပြထားပြီး၊ ဒမ်မမ်ဒေသတွင် ယနေ့ နံနက်အစောပိုင်းက ပေါက်ကွဲသံအများအပြား ကြားခဲ့ရကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRIB သတင်းအေဂျင်စီ ၏ အဆိုအရ ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းရှိ အာရမ်ကို (Aramco) ၏ ရေနံလုပ်ငန်းဆိုင်ရာ အဆောက်အအုံများတွင် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း မီဒီယာသတင်းရင်းမြစ်များက သတင်းဖော်ပြခဲ့ပါတယ်။

ထို့အပြင် ယနေ့ နံနက်အစောပိုင်းအချိန်များတွင် ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းရှိ ဒမ်မမ် (Dammam) ဒေသမှ ပေါက်ကွဲသံအများအပြားကို ကြားခဲ့ရကြောင်း သတင်းများအရ သိရပါတယ်။

သို့သော် မီးလောင်မှုနှင့် ပေါက်ကွဲမှုများ၏ အကြောင်းရင်း၊ ထိခိုက်ပျက်စီးမှုအခြေအနေနှင့် ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊ မရှိတို့နှင့်ပတ်သက်၍ အတည်ပြုနိုင်သော အသေးစိတ်အချက်အလက်များကို ‌လောလောဆယ် မသိရှိရသေးကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha