၂၃ အောက်တိုဘာ ၂၀၂၆ - ၀၆:၂၂
အီရန်ပါလီမန် ဥက္ကဋ္ဌနှင့် အမြင့်ဆုံးခေါင်းဆောင် တွေ့ဆုံဆွေးနွေး

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စလာမ့် လွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် သည် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ နှင့် တွေ့ဆုံကာ ဆွေးနွေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA သတင်းဌာန ၏ အစီရင်ခံစာအရ  ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ်  ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ  နှင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စလာမ့် လွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် တို့ တွေ့ဆုံစဉ် အမေရိကန်နှင့် ဇီယွန်ဝါဒီရန်သူတို့၏ စစ်ရေး၊ စီးပွားရေးနှင့် အသိစိတ်အပေါ် လွှမ်းမိုးတိုက်ခိုက်သည့် စစ်ပွဲတို့၏ နောက်ဆုံးအခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံမှုအတွင်း နိုင်ငံ၏ အင်အားတိုင်များကို ပိုမိုခိုင်မာစေရန်၊ လူမှုရေးစည်းလုံးညီညွတ်မှုနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန်အတွက် လွှတ်တော်အမတ်များ၏ အခန်းကဏ္ဍကို အလေးထားပြောကြားခဲ့ကြပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ နှင့် လွှတ်တော်ဥက္ကဋ္ဌတို့၏ တွေ့ဆုံမှုတွင် အစိုးရနှင့် လွှတ်တော်တို့အနေဖြင့် ပြည်သူများ၏ စီးပွားရေးအခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ရေးနှင့် မဟာဗျူဟာမြောက် မိတ်ဖက်များနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ရှေ့ဆက်ဆောင်ရွက်ရေးတို့ကိုလည်း အလေးထားပြောကြားခဲ့ကြပါတယ်။

ထို့အပြင် လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ်
သည် တတိယအကြိမ် အတင်းအကျပ် ဆင်နွှဲစေခဲ့သည့် စစ်ပွဲ စတင်ချိန်မှ ယခုအချိန်အထိ လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်မှုများအကြောင်း အစီရင်ခံစာတစ်စောင်ကို  ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ်  ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ  ထံ တင်ပြခဲ့ပါတယ်။ 

ယင်းအစီရင်ခံစာတွင် နိုင်ငံ၏ ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းရန် လွှတ်တော်က လက်ရှိဆောင်ရွက်နေသည့် အစီအစဉ်များနှင့် အနာဂတ်တွင် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ဖော်ပြထားပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha