အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ယနေ့ အောက်တိုဘာလ ၂၃ရက်နေ့ ၂၀၂၆ ခုနှစ် သောကြာနေ့ အရုဏ်မတက်မီတွင် အယ်လ်မဆီရာ (Al-Masirah) ရုပ်သံက ဆော်ဒီမီဒီယာများကို ကိုးကား၍ ဖြစ်နိုင်ခြေရှိသော အန္တရာယ်နှင့်ပတ်သက်၍ သတိပေးရန် ရီယာ့ဒ်မြို့၌ အချက်ပေးဥဩသံ သို့မဟုတ် လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
အဆိုပါရုပ်သံက နောက်ထပ်သတင်းတစ်ပုဒ်တွင်လည်း ဆော်ဒီသတင်းရင်းမြစ်များကို ကိုးကား၍ ရီယာ့ဒ်မြို့၌ ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ကြားခဲ့ရကြောင်း သတင်းဖော်ပြခဲ့ပါတယ်။
အချို့သော သတင်းမီဒီယာများကလည်း ယီမင်စစ်တပ်သည် ရီယာ့ဒ်မြို့ကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းဖော်ပြခဲ့ကြပါတယ်။
ယခုအချိန်အထိ အဆိုပါဒုံးကျည်တိုက်ခိုက်မှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ၊ ဖြစ်ပေါ်ခဲ့နိုင်သည့် ပျက်စီးဆုံးရှုံးမှုများကို ထပ်မံထုတ်ပြန်ခြင်း မရှိသေးပေ။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment