အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒေသအသီးသီးရှိ အမေရိကန်၏ အကျိုးစီးပွားများကို ပစ်မှတ်ထား၍ စစ်ဆင်ရေး ၃၀၀ ခန့်ကိုလည်း လုပ်ဆောင်ခဲ့ကြောင်း ၊ ယင်းတို့တွင် ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုများလည်း ပါဝင်ကြောင်းဗိုလ်ချုပ် ဂျလီလ် မိုကဒမ်က IRNA သတင်းဌာန နှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ရေတပ်ကို ဖျက်ဆီးပစ်ခဲ့ပြီဟု အကြိမ်ကြိမ် ပြောဆိုခဲ့ခြင်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် ဗိုလ်ချုပ် ဂျလီလ် မိုကဒမ် က မိမိအနေဖြင့် ဤကိစ္စနှင့်ပတ်သက်၍ နေရာတိုင်း၌ မိမိတို့၏ အာဇာနည် ခေါင်းဆောင်ကြီး ၏ မိန့်ကြားချက်ကို ကိုးကားခဲ့ကြောင်း ပြောပါတယ်။
၎င်းက ဆက်လက်၍ “၁၂ ရက်ကြာ စစ်ပွဲအတွင်း အမေရိကန်သမ္မတက အီရန်၏ နျူကလီးယားစက်ရုံများကို ဖျက်ဆီးပစ်ခဲ့ပြီဟု ပြောဆိုခဲ့စဉ်က အာဇာနည် ခေါင်းဆောင်ကြီး က ‘သူတို့က ငါတို့ရဲ့ နျူကလီးယားအစီအစဉ်ကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီလို့ ထင်ချင်ရင် ထင်ပါစေ’ ဟု ပြန်လည်တုံ့ပြန်ခဲ့သည်” ဟု ပြောကြားခဲ့ပါတယ်။
၎င်းက “ယနေ့ ကျွန်ုပ်တို့လည်း သူတို့က အီရန်ရေတပ်ကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီဟု ထင်ချင်ရင် ထင်ပါစေဟု ပြောနိုင်တယ်။ သို့သော် စစ်မြေပြင်ရှိ အမှန်တရားမှာ ကွဲပြားခြားနားနေသည်” ဟု ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
ရက်ပေါင်း ၄၀ ကြာ စစ်ပွဲ စတင်ချိန်မှစ၍သာမက ယင်းမတိုင်မီကတည်းက အမေရိကန်နှင့် အစ္စရေးအစိုးရ၏ တပ်ဖွဲ့များသည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ ကမ်းရိုးတန်းဒေသများ၊ အထူးသဖြင့် ဟော်မုဇ်ရေလက်ကြားအနီးသို့ ချဉ်းကပ်လာရန် ရှောင်ရှားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်ဟု ၎င်းက ဆိုပါတယ်။
အီရန်ရေတပ် ဒုတိယတပ်မှူးက “အီရန်ရေတပ်ကို တကယ်ပဲ ဖျက်ဆီးပစ်ခဲ့ပြီဆိုရင် အမေရိကန်စစ်သင်္ဘောတွေနဲ့ စစ်ရေယာဉ်စုတွေဟာ ဟော်မုဇ်ရေလက်ကြားကနေ ကီလိုမီတာ ၅၀၀၊ ၆၀၀ အကွာမှာသာ ဘာကြောင့် နေနေကြတာလဲ။ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ ရေကြောင်းနယ်နိမိတ်ကနေ ကီလိုမီတာ ၃၀၀ ထက် ပိုနီးအောင် ဘာကြောင့် မချဉ်းကပ်ရဲကြတာလဲ။ သူတို့ရဲ့ ရှေ့မှာ အင်အားကြီးမားတဲ့ တပ်ဖွဲ့တစ်ခု ရှိနေတယ်။ အဲဒါကတော့ အီရန်ရေတပ်ပဲ” ဟု မေးခွန်းထုတ်ခဲ့ပါတယ်။
အီရန်ရေတပ်သည် အင်အားအပြည့်ဖြင့် ဆက်လက်တည်ရှိနေကြောင်းကို အလေးပေးပြောကြားရာတွင် ဗိုလ်ချုပ် ဂျလီလ် မိုကဒမ်က ရက်ပေါင်း ၄၀ ကြာ စစ်ပွဲအတွင်းသာမက အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းတွင်ပါ အမေရိကန်နှင့် အစ္စရေးအစိုးရတို့၏ အရင်းအမြစ်များနှင့် အကျိုးစီးပွားများကို ထိခိုက်စေသည့် တိုက်ခိုက်မှုများ ပြုလုပ်နိုင်ခဲ့ခြင်းသည် အီရန်ရေတပ်က အင်အားအပြည့်ဖြင့် ဆက်လက်တည်ရှိနေကြောင်း သက်သေပြနေသည်ဟု ဆိုပါတယ်။
ထို့အပြင် အီရန်ရေတပ်၏ အသင့်တိုက်ခိုက်နိုင်စွမ်းသည်လည်း နေ့စဉ် တိုးတက်လာနေကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
အီရန်၏ ရေကြောင်းစစ်အင်အားနှင့်ပတ်သက်၍ ရန်သူဘက်က ခန့်မှန်းထားမှုများကို သုံးသပ်ရာတွင် အီရန်ရေတပ်၏ ညှိနှိုင်းရေးရာ လက်ထောက်တာဝန်ရှိသူက မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ ရေကြောင်းစစ်အင်အားအပေါ် ရန်သူ၏ ထောက်လှမ်းရေးခန့်မှန်းချက်အချို့သည် လက်တွေ့အခြေအနေနှင့် ကိုက်ညီမှုမရှိကြောင်း ထင်ရှားလာခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။
အမေရိကန်နှင့် အစ္စရေးအစိုးရတို့က အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အပေါ် ချမှတ်ထားသည့် မဟာဗျူဟာဆိုင်ရာ ခန့်မှန်းချက်များစွာတွင် ၎င်းတို့၏ ခန့်မှန်းမှုများ မှားယွင်းခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
၎င်းက ဆက်လက်၍ “ရန်သူဘက်က အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အမေရိကန်တပ်ဖွဲ့တွေကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း မရှိဘူး၊ ဒါမှမဟုတ် အဲဒီလို ထိပ်တိုက်ရင်ဆိုင်မှုမျိုးကို လုံးဝ ဝင်ရောက်လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ယူဆထားခဲ့ကြတယ်။
ဒါပေမဲ့ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စွမ်းအားကြောင့် အမေရိကန်စစ်တပ်နဲ့ အစ္စရေးအစိုးရတို့ဟာ စစ်ပွဲရဲ့ ပထမရက်ပိုင်းအတွင်းမှာပဲ ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်” ဟု ပြောကြားခဲ့ပါတယ်။
အမေရိကန်သည် မိမိကိုယ်ကို ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဟု မယူဆထားခဲ့ပါက ပထမလေးရက်အတွင်းမှာပင် ရှုံးနိမ့်မှုကို လက်ခံပြီး ဒေသတွင်းမှ ထွက်ခွာသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။
သို့သော် သမိုင်းကြောင်းအရ ကြည့်လျှင် အင်အားကြီးနိုင်ငံတစ်နိုင်ငံသည် ကြီးမားသော ဆုံးရှုံးမှုများကိုပင် ပေးဆပ်ရသည့် တိုင် ရှုံးနိမ့်မှုကို အလွယ်တကူ ဝန်ခံလေ့မရှိကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
၎င်းက ဆက်လက်၍ ယင်းအတွေးအခေါ်သည် တစ်ဖက်နိုင်ငံက မိမိတို့၏ တွက်ချက်မှုများနှင့် ခန့်မှန်းချက်များအပေါ် အခြေခံ၍ လိုက်နာဆောင်ရွက်ခဲ့သည့် မှားယွင်းသော မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
၎င်းတို့သည် အီရန်ကို ဗင်နီဇွဲလားကဲ့သို့သော နိုင်ငံတစ်နိုင်ငံနှင့် နှိုင်းယှဉ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ သို့သော် ထိုသို့ နှိုင်းယှဉ်ခြင်းသည် အခြေခံအားဖြင့် မှားယွင်းကြောင်းနှင့် မဟာဗျူဟာအဆင့်တွင် ကြီးလေးသော အမှားတစ်ရပ်ဟု သတ်မှတ်နိုင်ကြောင်း ၎င်းက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment