အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဲဟ်ရ်သတင်းဌာန၏ ဖော်ပြချက်အရ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ သည် အီရန်နိုင်ငံတောင်ပိုင်းရှိ ကဲရှ်မ်ကျွန်း ၏ ဝေဟင်ပိုင်နက်အတွင်း ပျံသန်းနေသော အမေရိကန် MQ-1 ကင်းထောက်နှင့် တိုက်ခိုက်ရေးဒရုန်းတစ်စင်းကို ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ကြားဖြတ်ဟန့်တားကာ ပစ်ချဖျက်ဆီးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ယခုဒရုန်းသည် အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပစ်ချဖျက်ဆီးခြင်းခံခဲ့ရသည့် အမေရိကန် MQ-1 မောင်းသူမဲ့လေယာဉ် ၁၆ စင်းမြောက်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါလုပ်ဆောင်မှုကို အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ လေတပ်က အသုံးပြုနေသည့် ခေတ်မီလေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းစနစ်သည် နိုင်ငံတစ်ဝန်း ပေါင်းစည်းထားသော လေကြောင်းရန်ကာကွယ်ရေးကွန်ရက်၏ အစိတ်အပိုင်းတစ်ခုအဖြစ် လုပ်ဆောင်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။
ထို့ပြင် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ တပ်ဖွဲ့ဝင်များသည် ရန်သူ၏ ဝေဟင်လှုပ်ရှားမှုများကို အဆက်မပြတ် စောင့်ကြည့်နေပြီး အဆိုပါလေယာဉ်များ၏ သူလျှိုထောက်လှမ်းရေး လုပ်ဆောင်ချက်များနှင့် ပျံသန်းမှုပုံစံများကိုလည်း ခြေရာခံစောင့်ကြည့်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ထပ်မံပြောကြားခဲ့ပါတယ်။
အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ထပ်မံပြောကြားရာတွင် ၎င်းတို့၏ ပြောဆိုချက်အရ ရန်သူ၏ သူလျှိုထောက်လှမ်းရေး စစ်ဆင်ရေးများ အဆက်မပြတ် ကျရှုံးနေခြင်းသည် ဘရက် ကူးပါး ၏ ကွပ်ကဲမှုအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ရပ်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment