၈ နိုဝင်ဘာ ၂၀၂၆ - ၁၅:၀၅
CENTCOM တပ်မှူး၏ ပြောကြားချက်အပေါ် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၏ သရော်တုံ့ပြန်မှု

အမေရိကန်ဒရုန်းများနှင့်ပတ်သက်၍ CENTCOM တပ်မှူး၏ ပေါ့ဒ်ကတ်စ်အစီအစဉ်အပေါ် တုံ့ပြန်ရာတွင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော ခေတ်မီဒရုန်းများကို မည်သို့ အသေခံဒရုန်းများအဖြစ် ပြောင်းလဲအသုံးပြုနေရကြောင်း ရှင်းပြသင့်သည်ဟု သရော်ပြောဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မေဟ်ရ် သတင်းဌာန၏ သတင်းဖော်ပြချက်အရ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဟိုစိုင်းန် မိုဟစ်ဘီ သည် အမေရိကန် CENTCOM တပ်မှူး ဘရက်ဒ် ကူးပါး၏ ပြောကြားချက်ကို တုံ့ပြန်သည့် သတင်းစကားတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

၎င်း၏ သတင်းစကားတွင် သရော်သည့်လေသံဖြင့် အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

“ဒီလိုပဲ ပြောလိုက်ရင် ပိုကောင်းပါလိမ့်မယ်။ ‘ဒီ CENTCOM ပေါ့ဒ်ကတ်စ်အစီအစဉ်မှာ ကျွန်တော်တို့ရဲ့ ခေတ်အမီဆုံးဖြစ်ပြီး ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ MQ-1 နဲ့ MQ-9 ဒရုန်းတွေကို ဘယ်လို အသေခံဒရုန်းတွေအဖြစ် ပြောင်းလဲခဲ့ရတယ်ဆိုတာ ရှင်းပြပါမယ်’ လို့ပေါ့။”

အဆိုပါပြောကြားချက်သည် အမေရိကန်ဒရုန်းများနှင့်ပတ်သက်၍ CENTCOM တပ်မှူးက ပေါ့ဒ်ကတ်စ်အစီအစဉ်တစ်ခု ရိုက်ကူးထုတ်လွှင့်ခဲ့သည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

တစ်နည်း အားဖြင့် တန်ဖိုးကြီးပြီး ခေတ်မီ သည် ဒရုန်းတွေကိုလည်း အီရန် ပစ်ချနိုင်သည့် အတွဥ် အီရန် ၏ အရည်အချင်း နှင့် စွမ်းအားကို ခန့်မှန်း နိုင်မည် ဖြစ်ပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha