အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဗစ်မေလ္လာဟ်ဟေရ်ရဟ်မန်နေရ်ရဟီးမ်
အို အလ္လာဟ်အရှင်မြတ်၊ ဖွာတွေမဟ်(စ.အ)၊ သခင်မကြီး၏ ဖခင် (ဆွ) ၊ ခင်ပွန်း(အ.စ) ၊ သားတော်များ (အ.စ) နှင့် သခင်မကြီး အတွင်း၌ အပ်နှံထားသော လျှို့ဝှက်ချက်တို့အပေါ် အရှင် ၏ အသိပညာက လွှမ်းခြုံထားသည့် အရေအတွက်အတိုင်း ဆွလဝါသ် နှင့် ငြိမ်းချမ်းမှုကို ပို့သတော်မူပါ။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ (ဒါမဇိလ္လုဟ်) ဆေးရုံတက်ရောက်ခဲ့ပြီးနောက် ပြည်တွင်းပြည်ပရှိ မုအ်မင်န်များနှင့် အာယာသွလ္လာဟ်ကြီး အား ချစ်ခင်ကြည်ညိုသူ အများအပြားသည် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းပတ္ထနာပြုခြင်း၊ မုနာဂျာသ်ပြုခြင်းနှင့် သဝစိုလ် ပြု မဂျ်လစ်များ ကျင်းပခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။
အထူးသဖြင့် ဟဇရသ် ဆစ်ဒီကသိုလ်ကုဗ်ရာ ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) နှင့် သက်ဆိုင်သော ဤနေ့ရက်များအတွင်း သခင်မကြီး (စ.အ) ၏ ဝစီလာတော်ဖြင့် အာယာသွလ္လာဟ် ကြီး အမြန်ဆုံး အပြည့်အဝ ကျန်းမာလာစေရန် နှင့် ကျန်းမာချမ်းသာမှု ရရှိစေရန် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းပတ္ထနာပြုခဲ့ကြပါသည်။
အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကရုဏာတော်၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) တို့၏ အထူးဂရုဏာတော်များ နှင့် ထိုဆုတောင်းပတ္ထနာများ၊ သဝစိုလ် ပြုမှုများ၏ မင်္ဂလာကြောင့် လိုအပ်သော ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ (ဒါမဇိလ္လုဟ်) သည် ဆေးရုံမှ ဆင်းကာ မိမိ၏ နေအိမ်သို့ ပြန်လည်ကြွရောက်သွားပြီ ဖြစ်ပါသည်။
အာယာသွလ္လာဟ် ကြီး အား ချစ်ခင်ကြည်ညိုသူများ၊ မုကလ္လစ်ဒ်များ၊ ပြည်တွင်းရှိ ထင်ရှားသော ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများအပြင် ကိုယ်တော်အပေါ် မိမိတို့၏ ချစ်ခင်မှုနှင့် သံယောဇဉ်ကို ဖော်ပြခဲ့ကြသူများ၊ အာယာသွလ္လာဟ် ကြီး ၏ ကျန်းမာရေးအခြေအနေကို မေးမြန်းစုံစမ်းခဲ့ကြသူများ၊ ဆုတောင်းပတ္ထနာများနှင့် သဝစိုလ် ပြုမှုများ၊ တယ်လီဖုန်းခေါ်ဆိုမှုများ၊ သတင်းစကားပေးပို့မှုများ သို့မဟုတ် လူကိုယ်တိုင် လာရောက်မေးမြန်းလိုသည့် ဆန္ဒများမှတစ်ဆင့် မိမိတို့၏ ချစ်ခင်မှုကို ဖော်ပြခဲ့ကြသူအားလုံးကို ကျွန်ုပ်တို့အနေဖြင့် နှလုံးသားထဲမှ အထူးကျေးဇူးတင်ရှိပါသည်။
အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်၌ ဟဇရသ် ဝလီယေ အဆ်ရ် အေမာမ် မဟ်ဒီ (အ.ဂျ) ၏ အထူးဂရုဏာတော်ကို အမှီပြု၍ မုအ်မင်န်အားလုံးအား ကျန်းမာချမ်းသာမှုနှင့် ကောင်းမွန်သော နောက်ဆုံးအခြေအနေကို အလ္လာဟ်အရှင်မြတ် ချီးမြှင့်တော်မူပါရန် နှင့် လူနာအားလုံးကိုလည်း အမြန်ဆုံး အပြည့်အဝ ကျန်းမာလာစေတော်မူပါရန် ဆုတောင်းပတ္ထနာပြုအပ်ပါသည်။
ထို့အပြင် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် အခြားဝန်ထမ်းအားလုံးကိုလည်း မိမိတို့၏ ဂရုစိုက်မှု၊ ကြိုးစားအားထုတ်မှုနှင့် ဝန်ဆောင်မှုများဖြင့် တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် စိတ်ရင်းအမှန်ဖြင့် ကျေးဇူးတင်ရှိပြီး အသိအမှတ်ပြုပါသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အကောင်းဆုံးသော အကျိုးဆုလာဘ်များ ချီးမြှင့်တော်မူပါစေ။ အမြဲတမ်း ကျန်းမာခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် တိုးတက်များပြားသော အောင်မြင်မှုများကိုလည်း ချီးမြှင့်တော်မူပါစေဟု ဆုတောင်းအပ်ပါသည်။
နောက်ဆုံးအနေဖြင့် မုအ်မင်န်အားလုံးကို ထပ်မံမေတ္တာရပ်ခံလိုသည်မှာ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ (ဒါမဇိလ္လုဟ်) ကို မိမိတို့၏ ကောင်းမွန်သော ဆုတောင်းပတ္ထနာများတွင် မမေ့လျော့ကြပါရန်နှင့် အလ္လာဟ်အရှင်မြတ်ထံ အာယာသွလ္လာဟ် ကြီး ၏ ကျန်းမာချမ်းသာမှုဟူသော ကောင်းချီးမင်္ဂလာကို အစဉ်အမြဲ တည်တံ့စေတော်မူပါရန် ဆုတောင်းပေးကြပါရန် ဖြစ်ပါသည်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ (ဒါမဇိလ္လုဟ်) ၏ ရုံးတော်
တနင်္လာနေ့၊ ဂျမာဒီယုလ်အောင်ဝလ် ၂၈ ရက်၊ ဟီဂျရီ ၁၄၄၈ ခုနှစ်။
ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment