၉ နိုဝင်ဘာ ၂၀၂၆ - ၂၃:၁၄
ဘာရိန်း တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် ဘာသာရေးပညာရှင်များ ဖမ်းဆီးမှုများကို ဆန့်ကျင်ဆန္ဒပြ

ဘာရိန်းနိုင်ငံတွင် ဘာသာရေးပညာရှင်များနှင့် ဘာသာရေးစာသင်ကျောင်းများမှ ဆရာများအပေါ် အစိုးရ၏ အရေးယူဆောင်ရွက်မှုများ၊ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများအပေါ် ကန့်သတ်ပိတ်ပင်မှုများကို ဆန့်ကျင်သည့်အနေဖြင့် ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အရ ဘာရိန်းအစိုးရသည် နိုင်ငံအတွင်း ထင်ရှားသော ရှီအဟ်ဘာသာရေးပညာရှင်များနှင့် ဘာသာရေးစာသင်ကျောင်းများမှ ဆရာများ ဒါဇင်ပေါင်းများစွာ၏ အမှုများကို ကြားနာစစ်ဆေးမည့်ရက်အား ယခုလ နိုဝင်ဘာ ၂၂ ရက်နေ့အထိ ရွှေ့ဆိုင်းခဲ့ကြောင်း သိရပါတယ်။

ယင်းလုပ်ဆောင်ချက်သည် ဘာရိန်းနိုင်ငံတွင် ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်အခမ်းအနားများနှင့် ဝမ်းနည်းပူဆွေးခြင်းဆိုင်ရာ စီတန်းလှည့်လည်ပွဲများကိုလည်း ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်နေသည့်အချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ 

ဘာသာရေးဟောပြောသူများနှင့် တရားဟောဆရာများကို ၎င်းတို့၏ လှုပ်ရှားမှုများ ကန့်သတ်ရန်နှင့် ဘာသာရေးစုဝေးပွဲများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် ညွှန်ကြားထားပါတယ်။ ထို့အပြင် နောင်ဟဟ် ချင်း ရွတ်ဆိုသူအများအပြားနှင့် ဟိုစိုင်းနီယာများ၊ ဝမ်းနည်းပူဆွေးခြင်းဆိုင်ရာ ဗဟိုဌာနများ၏ အုပ်ချုပ်ရေးတာဝန်ရှိသူများကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ယင်းလုပ်ဆောင်ချက်များကို ဆန့်ကျင်သည့်အနေဖြင့် ပြီးခဲ့သည့်ညက အလ်ဒီရာဇ်၊ စစ်ထရာ၊ အလ်မာလ်ကီယာ၊ အလ်ဆနာဘစ်စ်နှင့် ဘာရိန်းနိုင်ငံရှိ အခြားဒေသများတွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသူများကို လူစုခွဲရန် အရေးယူဆောင်ရွက်ခဲ့ပြီး မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့ပါတယ်။

ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ ဘာရိန်းအာဏာပိုင်များသည် ယခုနှစ် မေလနှင့် ဇွန်လအတွင်း ရှီအဟ်ဘာသာရေးပညာရှင်များနှင့် တရားဟောဆရာ ၅၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။၎င်းတို့အား အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်းနှင့် အီရန်နိုင်ငံနှင့် ဆက်နွှယ်မှုရှိခြင်းတို့ဖြင့် စွပ်စွဲထားပါတယ်။

အခြားတစ်ဖက်တွင် ဟျူးမန်ရိုက်စ်ဝါ့ချ် (Human Rights Watch) နှင့် ဘာရိန်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအင်စတီကျု (Bahrain Institute for Rights and Democracy) အပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်း ၂၀ သည် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြသည်။ ယင်းကြေညာချက်တွင် ဖမ်းဆီးခံထားရသူများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခြင်း၊ အတင်းအကျပ် ဝန်ခံချက်များ ရယူခြင်းနှင့် တရားမျှတသော တရားစီရင်မှု လုပ်ငန်းစဉ်များ မရှိခြင်းတို့နှင့်ပတ်သက်သည့် သတင်းများအပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha