အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်နှင့် အမေရိကန်တို့အကြား ဒေါ်လာ ၈ ဘီလီယံတန် သဘောတူညီချက် ရရှိခဲ့ပြီလား?
သတင်းရုပ်သံလိုင်းများစွာက ယင်းသတင်းကို ဖော်ပြနေကြသော်လည်း Farsnews ကမူ သတင်းအမှားဖြစ်ကြောင်း ပြောကြားထားပါတယ်။
အစ္စရေးသတင်းစာတစ်စောင်က ကာတာနိုင်ငံ၏ အမိန့်ရှိသူ (အကြီးအကဲ) မှတစ်ဆင့် အစည်းအဝေးတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် အမေရိကန်နှင့် အီရန်တို့ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ထို့ပြင် အမေရိကန်က အီရန်အား ဒေါ်လာ ၈ ဘီလီယံကို ကြိုတင်ပေးချေမည်ဖြစ်ပြီး အပြန်အလှန်အနေဖြင့် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမည်ဟုလည်း ဆိုထားပါတယ်။
ယင်းသဘောတူညီချက် ရရှိပါက သင်္ဘောသွားလာရေးလုပ်ငန်းများအားလုံး ပုံမှန်အတိုင်း လွယ်ကူချောမွေ့စွာ ပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။
သို့သော် အီရန်ဘက်ကမူ ဤသတင်းသည် သတင်းအမှားဖြစ်ကြောင်း ပြောကြားထားပါတယ်။
အီရန်၏ ပြောကြားချက်အရ သတ်မှတ်ထားသည့် အခြေအနေ ၇ ချက်လုံး ပြည့်စုံခြင်းမရှိသရွေ့ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမည်မဟုတ်ကြောင်း ဖြစ်ပါတယ်။
အဆိုပါ အခြေအနေများအနက် ပထမအချက်မှာ ဂါဇာနှင့် လက်ဘနွန်အပါအဝင် ဒေသတွင်း နေရာအားလုံး၌ စစ်ပွဲများ ရပ်တန့်ရမည်ဖြစ်ပါတယ်။
ထို့အပြင် နိုင်ငံအသီးသီးတွင် ပိတ်ဆို့ထိန်းချုပ်ခံထားရသည့် အီရန်၏ ငွေကြေးပိုင်ဆိုင်မှုအားလုံးကိုလည်း ပြန်လည်လွှတ်ပေးရမည်ဖြစ်ပါတယ်။
အခြေအနေ ၇ ချက်လုံး ပြည့်စုံပြီးမှသာ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အီရန်ဘက်က ဆိုထားပါတယ်။
ယခင်က ကတိပေးမှုများ ရှိခဲ့သော်လည်း ကတိအတိုင်း အကောင်အထည်ဖော်ခြင်း မရှိခဲ့ကြောင်း၊ ယခုအခါတွင်မူ အီရန်က မိမိတို့၏ သတ်မှတ်ချက်များကို ဦးစွာ လက်တွေ့အကောင်အထည်ဖော်ပြရန် တောင်းဆိုထားပြီး ထိုသို့ အကောင်အထည်ဖော်ပြီးမှသာ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမည်ဟု ပြောကြားနေခြင်းဖြစ်ပါတယ်။
ဤသတင်းနှင့်ပတ်သက်၍ သင့်အမြင်ကို မှတ်ချက်တွင် ရေးသားမျှဝေပေးပါ။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment