အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အိုမန်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသော အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် နိုဝင်ဘာလ ၁၇ရက်နေ့ ၂၀၂၆ ခုနှစ် ညနေပိုင်းတွင် ကာတာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ပါတယ်။
ကာတာနိုင်ငံ ဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်က ဦးဆောင်သော အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် အိုမန်နိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယခုတွေ့ဆုံမှုတွင် ဒေသတွင်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက ဒေသတွင်း လက်ရှိတင်းမာမှုများ လျော့ပါးစေရေးအတွက် ကာတာနိုင်ငံက ဆက်လက်ပါဝင်ဆောင်ရွက်နေသည့် အခန်းကဏ္ဍကို ရည်ညွှန်းပြောကြားခဲ့ပါတယ်။
ထို့ပြင် ဒေသပြင်ပမှ အင်အားစုများ၏ ဒေသတွင်း မတည်ငြိမ်မှုနှင့် လုံခြုံရေးထိခိုက်စေသည့် လှုပ်ရှားမှုများကို တုံ့ပြန်ရန်အတွက် ဒေသတွင်းနိုင်ငံများအကြား ဆွေးနွေးတိုင်ပင်မှုများကို ဆက်လက်လုပ်ဆောင်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment