အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRIB သတင်းအေဂျင်စီ ၏ အဆိုအရ ကုလသမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ်က အီရန်နိုင်ငံ ၏ ဆည်များနှင့်ပတ်သက်၍ New York Times သတင်းစာနှင့် “ညစ်ညမ်းဗုံး (Dirty Bomb)” ဟူသော စွပ်စွဲချက်နှင့်ပတ်သက်၍ CNN သတင်းဌာနတို့၏ မဟုတ်မမှန်သတင်းဖော်ပြမှုများကို ထောက်ပြကာ အောက်ပါအတိုင်း ကြေညာခဲ့ပါတယ်။
၁။စွပ်စွဲပြောဆိုမှုများသည် ကျူးကျော်စစ်ဆင်ရေးများနှင့် စစ်ရာဇဝတ်မှုများကို ထပ်မံကျူးလွန်နိုင်ရန် ကြိုတင်အကြောင်းပြချက်ဖန်တီးရေး ရည်ရွယ်ချက်ဖြင့် စနစ်တကျ စီစဉ်ထားသော မဟုတ်မမှန်သတင်းများ ဖြန့်ဝေခြင်းနှင့် လမ်းလွဲစေသော သတင်းအချက်အလက်များ ထုတ်လွှင့်ခြင်း လှုပ်ရှားမှုတစ်ရပ်၏ အစိတ်အပိုင်းဖြစ်ပါတယ်။
၂။မည်မျှပင် ဝါဒဖြန့်ချိမှုများ ပြုလုပ်စေကာမူ၊ မဟုတ်မမှန်သတင်းအချက်အလက်များ မည်မျှပင် ဖြန့်ဝေစေကာမူ ကျူးကျော်မှုကို ဖုံးကွယ်နိုင်မည်မဟုတ်သကဲ့သို့ စစ်ရာဇဝတ်မှုများကို တရားဝင်မှုရှိသကဲ့သို့ ဖြစ်စေနိုင်မည်မဟုတ်ပါ။ ထို့အပြင် ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ကျူးလွန်သူများအပေါ် ကျရောက်ရမည့် တာဝန်ယူမှုကိုလည်း ဖယ်ရှားပေးနိုင်မည်မဟုတ်ပါ။
၃။အီရန်နိုင်ငံသည် နိုင်ငံတကာဥပဒေနှင့်အညီ မည်သည့်ကျူးကျော်ရန်စမှုမျိုးကိုမဆို ရင်ဆိုင်ကာ မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်ရှိသည့် ပင်ကိုယ်အခွင့်အရေးကို အခိုင်အမာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment