၁၉ နိုဝင်ဘာ ၂၀၂၆ - ၁၇:၅၀
ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှု၌ ဝါရှင်တန်သည် တိုက်ရိုက်ပါဝင်နေကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ပြောကြား

အမေရိကန် ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် အဗ်ဒိုရ်ရဟ်မန် မိုဟမ္မဒ် အလ်ဆယက်ဒ် က ဇီယွန်ဝါဒီအစိုးရထံ သေစေနိုင်သော လက်နက်များ ထောက်ပံ့ပေးနေမှုကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး အမေရိကန်သည် လက်နက်များ ထောက်ပံ့ပေးခြင်းအားဖြင့် ဂါဇာတွင် ဖြစ်ပွားနေသော စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုတို့၌ တိုက်ရိုက်ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ  အမေရိကန်နိုင်ငံထုတ် “The Atlantic” မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မီရှီဂန်ပြည်နယ်မှ ရွေးကောက်တင်မြှောက်ခံထားရသော ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် အဗ်ဒိုရ်ရဟ်မန် မိုဟမ္မဒ် အလ်ဆယက်ဒ် က ဂါဇာစစ်ပွဲအတွင်း ဝါရှင်တန်၏ အခန်းကဏ္ဍကို ဝေဖန်ပြောကြားခဲ့ပါတယ်။

၎င်းက “ကျွန်ုပ်တို့သည် လူမျိုးတုံးသတ်ဖြတ်မှုကို အထောက်အကူပြုခဲ့ကြသည်။ ထိုရာဇဝတ်မှုများကို ကျူးလွန်သူများအား လက်နက်များ ထောက်ပံ့ပေးခဲ့ကြပြီး၊ ထိုရာဇဝတ်မှုများတွင်လည်း ကျွန်ုပ်တို့ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ကြသည်။ ဒါဟာ အမှန်တရားပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

ထို့အပြင် ဂါဇာတွင် အသက်ဆုံးရှုံးခဲ့ရသူများ၏ စိုးရိမ်ဖွယ်ရာ အရေအတွက်ကို ရည်ညွှန်း၍ ထိုရာဇဝတ်မှုများကြောင့် အနည်းဆုံး လူပေါင်း ၇၀,၀၀၀ အသက်ဆုံးရှုံးခဲ့ရပြီး ၎င်းတို့အနက် အနည်းဆုံး ထက်ဝက်မှာ ကလေးငယ်များဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။  ၎င်း၏အဆိုအရ ယင်းအရေအတွက်သည် အနည်းဆုံး ခန့်မှန်းတွက်ချက်ထားသည့် ပမာဏသာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရေးသမားက ဝါရှင်တန်ရှိ အုပ်ချုပ်သူများ၏ စံနှုန်းနှစ်မျိုးထားရှိမှုကိုလည်း ဝေဖန်ခဲ့ပြီး အခြားမည်သည့်နိုင်ငံတစ်နိုင်ငံကမဆို ဤကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့ပါက အပြင်းထန်ဆုံးသော တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အလ်ဆယက်ဒ်သည် ယခင်ကလည်း ဇီယွန်ဝါဒီအစိုးရထံ အလေးချိန် ပေါင် ၂,၀၀၀ ရှိသော ဗုံးများ ရောင်းချရန် အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်ကို ဝေဖန်ခဲ့ဖူးပါတယ်။ အဆိုပါ ငွေကြေးကုန်ကျစရိတ်များကို အမေရိကန်ပြည်သူများ ပေးဆောင်သည့် အခွန်ငွေများမှ ပေးချေနေခြင်းဖြစ်ပါတယ်။

၎င်းက ထိုအကူအညီများကို ရပ်တန့်ရန် တောင်းဆိုခဲ့ပြီး အလေးချိန် ပေါင် ၂,၀၀၀ ရှိသော ဗုံးတစ်လုံးသည် မည်သူ့ကိုမျှ ပညာသင်ကြားပေးနိုင်ခြင်းမရှိသကဲ့သို့ အစားအစာလည်း ပေးနိုင်မည်မဟုတ်ကြောင်း၊ ဆေးဝါးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း ပေးစွမ်းနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် ကျောင်းများပေါ်သို့ ကြဲချနေသည့် ဗုံးများအတွက် ငွေကြေးသုံးစွဲမည့်အစား အဆိုပါငွေကြေးများကို အမေရိကန်နိုင်ငံအတွင်းရှိ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် အသုံးပြုသင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha