၁၉ နိုဝင်ဘာ ၂၀၂၆ - ၁၈:၁၅
ဟားမတ်စ်အဖွဲ့က အဒ်ဒဟီဗလီဝတ်ကျောင်းတော်ကို မီးရှို့မှုအား ရှုတ်ချ

အစ္စလာမ်မစ် တော်လှန်ရေးခုခံရေးလှုပ်ရှားမှုအဖွဲ့ ဟားမတ်စ် က အခြေချနေထိုင်သူများသည် အဒ်ဒဟီဗလီဝတ်ကျောင်းတော်ကို မီးရှို့ခဲ့သည့် လုပ်ရပ်သည် အကြမ်းဖက်ဝါဒ၏ ထင်ရှားသော သာဓကတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယင်းရာဇဝတ်မှုများကို အစ္စရေးအစိုးရအဖွဲ့၏ ဘက်ပေါင်းစုံမှ အပြည့်အဝ ထောက်ခံမှုဖြင့် ကျူးလွန်နေခြင်းဖြစ်ကြောင်း အလေးအနက် ဖော်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRIB သတင်းအေဂျင်စီ ၏ အဆိုအရ စဘာသတင်းဌာန ၏ ဖော်ပြချက်အရ ဟားမတ်စ်အဖွဲ့မှ အဗ်ဒိုရ် ရဟ်မန် ရှဒီဒ် က အန္တရာယ်ကြီးမားသော တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ သတိပေးပြောကြားခဲ့ပါတယ်။

၎င်းက ရန်သူ၏ စနစ်တကျဖွဲ့စည်းထားသော အကြမ်းဖက်လုပ်ရပ်များနှင့် အခြေချနေထိုင်သူအုပ်စုများ၏ အကြမ်းဖက်မှုများအပေါ် နိုင်ငံတကာအသိုက်အဝန်းက နှုတ်ဆိတ်နေခြင်းသည် ၎င်းတို့အား ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်ရန်နှင့် ပိုမိုပြင်းထန်လာစေရန် အားတက်စေခဲ့ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha