အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ သိမ်းပိုက်နယ်မြေများအတွင်း တင်းကျပ်သော သတင်းဆင်ဆာဖြတ်တောက်မှုများ ရှိနေသော်လည်း ဇီယွန်အစိုးရ၏ စစ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဌာနက စစ်ပွဲများအတွင်း ဒဏ်ရာရရှိခဲ့သော စစ်သည်များနှင့်ပတ်သက်သည့် နောက်ဆုံးစာရင်းဇယားများကို ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါဌာန၏ အဆိုအရ လက်ရှိတွင် ဒဏ်ရာရစစ်သည် ၉၂,၃၀၀ ဦးကို စောင့်ရှောက်ကုသပေးလျက်ရှိပြီး ယင်းတို့အနက် ၃၁,၅၀၀ ဦးသည် မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သူများဖြစ်ပါတယ်။
ထုတ်ပြန်ချက်အရ စုစုပေါင်း ဒဏ်ရာရစစ်သည်များအနက် ၄၃,၈၀၀ ဦး၊ ဆိုလိုသည်မှာ ၄၇ ရာခိုင်နှုန်းသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများနှင့် စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုရောဂါ (PTSD) ခံစားနေရပါတယ်။ ယင်းတို့အနက် စစ်သည် ၁၉,၆၀၀ ဦးသည် မကြာသေးမီက စစ်ပွဲအတွင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရရှိခဲ့ကြပါတယ်။
ထို့အပြင် စစ်သည် ၁,၁၀၀ ဦးခန့်သည် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်ဆုံးရှုံးခဲ့ရပြီး ၁၂၃ ဦးမှာ အမြင်အာရုံဆုံးရှုံးခဲ့ရသည်။ စစ်သည် ၆၀၂ ဦးမှာလည်း အပြင်းထန်ဆုံး မသန်စွမ်းမှုအဆင့်သို့ ရောက်ရှိနေကြောင်း ဖော်ပြထားပါတယ်။
အလားတူ စစ်သည် ၃,၉၀၀ ဦးသည် ဦးနှောက်ထိခိုက်ပျက်စီးမှု အဆင့်အမျိုးမျိုးကို ခံစားနေရပြီး ယင်းတို့အနက် ၂၄၉ ဦးမှာ ပြင်းထန်သော ဦးနှောက်ဒဏ်ရာများ ရရှိခဲ့သူများဖြစ်ပါတယ်။
အစီရင်ခံစာအရ မကြာသေးမီက စစ်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် စစ်သည်များအနက် ၅၈ ရာခိုင်နှုန်း၊ အရေအတွက်အားဖြင့် ၁၅,၇၀၀ ဦးသည် အရန်တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment