စဝါဗ် ဝဇူ
ဝူဇူသည်အလင်းရောင်ခြည်ဖြစ်ပေသည်။
ဝူဇူသည်နမားဇ်၏သော့ချက်ဖြစ်သည်။
ဝူဇူသည်သန့်ရှင်းစင်ကြယ်စေသောအရာဖြစ်သည်။
ဝူဇူသည်လူသားအားပျော်ရွှင်ငြိမ်းချမ်းမှုကိုပေးစွမ်းနိုင်သည်။
ဝူဇူသည်လူသား၏ဝိညာဉ်အားစွမ်းအားများပေးစွမ်းနိုင်သည်။
ဝူဇူသည်လူသား၏မျက်လုံးကိုတောက်ပစေသည်။
ဝူဇူသည်အီမာန်ယုံကြည်မှု၏တစ်ဝက်ဖြစ်သည်။
ပြီးပြည့်စုံသောဝူဇူသည်ဂိုနာအပြစ်များ၏လျော်ကြေးပင်ဖြစ်သည်။ဝူဇူသည်ရောဂါများ၏ကုထုံးဖြစ်သည်။
ဝူဇူသည်လူသား၏မျက်နှာအားလောကီ တွင်သာမကလောကုတ္တရာ တွင်ပါ ထွန်း လင်းတောက်ပစေသည်။ဝူဇူသည်အ
မလ်ကျင့် ဆောင်မှု ၏ကျက်သ ရေ ဆောင်ဖြစ် သည်။ဝူဇူသည်အသက်ရှည်စေသည်။ လူသားသည်အလုပ်ဟူသမျှအား
ဝူဇူဖြင့်ပြုလုပ်နိုင်ပါလျှင်အဘယ်မျှကောင်းလေစွ။ စားချိန်၊အိပ်ချိန်၊ခရီးထွက်ချိန်၊ စာဖတ် ချိန်နှင့်အခြားအချိန်တိုင်းတွင်ဝူဇူရှိနေပါကမမြဲတစေမင်္ဂလာအပေါင်းနှင့်ခညောင်း
နေမည်ဖြစ်သည်။ အကယ်၍ဝူဇူပျက်သွားလျှင် အမြန်ဝူဇူထပ်လုပ်ကြပါစို့။ အချိန်တွေအ များကြီးကုန်မသွားပါ။ဝမ်းနည်းစ
ရာ။ကျွန်ုပ်တို့၏ ဝူဇူမပါဘဲကုန်ဆုံး သွားသော သက် တမ်းများ။
အကယ်၍အမြဲဝူဇူဖြင့်နေမည်ဆိုပါ လျှင်ကျွန်ုပ်တို့၏ခန္ဓာ ကိုယ်ရော လုပ်ရပ် များပါသန့်ရှင်းစင် ကြယ်နေမည်မှာ ဧကန်မလွဲပင်။စစ်မှန် သောနမားဇ်၏ ဝတ်ပြုသူဆို သည်မှာအမြဲတစေဝူဇူဖြင့်အေဗာဒသ်ဝတ်ပြုမှုများကိုကျွမ်းကျင်ပိုင် နိုင်စွာထိရောက် အောင်ပြု လုပ်သူပင်ဖြစ်သည်။
ဝူဇူ၏လျှို့ဝှက်ချက်။
၁။ဝူဇူသည်အလ္လာဟ်အရှင်မြတ်၏အမိန့်တော်
အို!အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့!မည်သည့်အခါမဆိုနမားဇ် ဝတ်ပြုတော့မည်ဆို ပါလျှင်မိမိတို့၏ မျက် နှာကိုဆေးကြောကြကုန်လော့။ အသင်တို့၏လက် များကိုတံတောင်ဆစ်မှအပေါ်ထိတိုင်အောင်ဆေးကြောသန့်စင်ကြ လေကုန်။အသင် တို့၏ဦး ခေါင်း နှင့်ခြေဖမိုးကိုလည်းလက်ဖြင့် ပွတ်သပ်(မဆာ)ပြုလုပ်ကြလေကုန်။၆ آیه/
အာယတ်တော်မှထုတ်နှုတ်တင်ပြချက်။
ဧကန်မလွဲဝူဇူတွင်အကျိုးကျေးဇူး(၂)ခုရှိသည်ကိုတွေ့ရပေမည်။၎င်းတို့မှာ
(၁)ကျန်းမာရေးနှင့်ဆိုင်သောအကျိုး
(၂)စာရိတ္တနှင့်ဝိညာဉ်ပိုင်းဆိုင်ရာ။
ကျန်းမာရေးရှုထောင့်အရကြည့်မည်ဆိုပါကမျက်နှာနှင့်လက်များကိုအထူးသဖြင့်တစ်နေ့ လျှင်(၅)ကြိမ်(သို့)(၃)ကြိမ် ဆေးကြောခြင်းသည်တစ်ကိုယ်ရေ သန့်ရှင်းစင်ကြယ်မှုပေါ်တွင်လွန် စွာ မှအကျိုးသက်ရောက်မှုရှိပေသည်။ဦးခေါင်း
နှင့်ခြေ ထောက်၏အ ရေပြားပေါ်သို့ ရေရောက်အောင်ပွတ်သပ်ပေးခြင်း၊(မဆာပြုလုပ်ခြင်း)သည်လည်းထို အစိတ်အပိုင်း များကို သန့်ရှင်းစင်ကြယ်စေလေ သည်။
စာရတ္တနှင့်ဝိညာဉ်ပိုင်းဆိုင်ရာကိုကြည့်မည်ဆိုပါကလည်းအလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကိုနာခံရန်နီယသ်ဖြင့်ပြုလုပ်သည့်အတွက်ကြောင့်လူသားအားအလ္လာဟ်အရှင်မြတ်နှင့်ပိုမိုနီးစပ်မှုကိုရရှိစေမည်ဖြစ်သည်။
ဝူဇူပြုလုပ်ခြင်းမှာမခက်ခဲပါ။ဤအာယတ်တော်၏အောက်ဆုံးအပိုဒ်တွင်ပါရှိသည်မှာအလ္လာဟ်အရှင်မြတ်သည်အသင်တို့အားခက်ခဲဒုက္ခရောက်စေရန်အလို့ငှာထိုအမိန့်ကိုချမှတ်ထားခြင်းမဟုတ်ပေ။အသင်တို့အားသန့်ရှင်းစင်ကြယ်စေရန်အတွက်အသင်တို့အပေါ်တွင်အလ္လာဟ်အရှင်မြတ်၏နေအ်မသ်ကျေးဇူးတော်များကိုအပြီးသတ်ချမှတ်ပေးရန်အတွက်ဖြစ်ပြီး၊ယင်းနေအ်မသ်ကျေးဇူးတော်များကိုအကြောင်းပြု၍်အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကိုသိရှိနား လည် ရမည်ဖြစ်ပေသည်။
(၂)နမားဇ်၏သော့ချက်သည်ဝူဇူဖြစ်သည်။
တမန်တော်မြတ်ကြီး(ဆွ)မိန့်ကြားတော်မူသည်မှာ- နမားဇ်၏သော့ချက်သည်ဝူဇူဖြစ်သည်။
(၃)အီမာန်ယုံကြည်မှု၏တစ်ဝက်
ဝူဇူပြုလုပ်ခြင်းသည် အီမာန်ယုံကြည်မှု၏တစ်ဝက်ဖြစ်သည်။