၁၆ ဇွန် ၂၀၁၂ - ၁၉:၃၀

နာယေဖ်ဗင်အဗ်ဒွလ်အဇီးဇ် ဆော်ဒီ အိမ်ရှေ့မင်းသား၏ဈာပန အားတိုက်မည်၊အိုင်မန်၊အလ်ဇဝါဟေရီအလ်ကိုင်ဒါ (အစ္စလာမ်အမည်ခံ) အကြမ်းဖက် သမားများအုပ်စု ၏ခေါင်းဆောင်အိုင်မန်၊အလ်ဇဝါဟေရီမှယနေ့ညနေခင်းတွင်ကျင်းပ မည့်နာယေဖ်ဗင်အဗ်ဒွလ်အဇီးဇ်ဆော်ဒီအိမ်ရှေ့မင်းသား၏ဈာပနအားတိုက်မည်ဟု ယနေ့မနက်တွင်ထုတ်ပြန်ကြေငြာပြောကြားခဲ့ပါ သည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန - အဗ်နာ မှ တင်ပြသည်ကား - နာယေဖ်ဗင်အဗ်ဒွလ်အဇီးဇ်အာလေဆအူးဒ် ၊ဆော်ဒီ အိမ်ရှေ့မင်းသား အနေဖြင့် မနေ့က ကွယ်လွန် သွားပြီးဖြစ်ပါသည်။၎င်း၏နမာဇ်မယက်သ်နှင့်ဈာပန အခမ်းအနားအားယနေ့ဇွန်လ ၁၇ ရက်နေ့ နမာဇ်အေရှာ အပြီး မက္ကာရွှေမြို့တော်တွင် ကျင်းပမည်ဖြစ်ပါသည်။  အလ်ကိုင်ဒါ (အစ္စလာမ်အမည်ခံ) အကြမ်းဖက်သမားများအုပ်စုရုပ်မြင်သံကြားမှ ယနေ့ မနက် အလ်ကိုင်ဒါ(အစ္စလာမ်အမည်ခံ)အကြမ်းဖက်သမားများအုပ်စု၏ခေါင်းဆောင်အိုင်မန်၊အလ်ဇဝါဟေရီမှယနေ့ညနေခင်းတွင်ကျင်းပမည့်နာယေဖ်ဗင်အဗ်ဒွလ်အဇီးဇ်ဆော်ဒီအိမ်ရှေ့မင်းသား၏ဈာပနအားတိုက်မည်ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။  မှတ်သားစရာမှအလ်ကိုင်ဒါ(အစ္စလာမ်အမည်ခံ)အကြမ်းဖက်သမားများအုပ်စုရုပ်မြင်သံကြား အားပြုစုပျိုးထောင်ပေးခဲ့သူမှာဆော်ဒီအစိုးရဖြစ်ပါသည်။၁၁စက်တင်ဘာပြဿနာဖြစ်ပြီး   နောက် အမေရိကန်နှင့်နောက်လိုက်နိုင်ငံများ ဖိအားပေးပြီး ဆော်ဒီအားဆက်ဆံမှုကြောင့် ဆော်ဒီ အစိုးရ နှင့် အလ်ကိုင်ဒါ (အစ္စလာမ်အမည်ခံ) အကြမ်းဖက်သမားများအုပ်စုတို့ ကွဲခဲ့ရ လေသည်။  ပြီးနောက် အလ်ကိုင်ဒါမှာဆော်ဒီ၏ရန်သူဖြစ်သွားပြီး ဆော်ဒီနိုင်ငံ၏မြို့များတွင်တိုက်ခိုက်မှု များကို လှုပ်ရှားခဲ့ပေသည်။ပြီးခဲ့သည်နှစ်အနည်းငယ်အတွင်  အကြီးများဆုံး အလ်ကိုင်ဒါ၏အ ကြမ်းဖက်တိုက်ခိုက်မှု မှာ နာယေဖ်ဗင်အဗ်ဒွလ်အဇီးဇ်အာလေဆအူးဒ်၏သား  မိုဟမ္မဒ်ဗင် နာယေဖ် အားလုပ်ကြံခဲ့ကြခြင်းဖြသ်ပေသည်။  သို့သော် မအောင်မြင်ခဲ့ကြချေ။ မိုဟမ္မဒ်ဗင် နာယေဖ်သည် ဆော်ဒီ နိုင်ငံ၏ လက်ထောက် ဝန်ကြီး ဖြစ်ပေသည်။