အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန၊အဗ်နာ ။ ။ ဆော်ဒီလက်နက်ကိုင်လုံခြုံရေးတပ်မှဟဇရတ်အာယာသွလ်လ္လာဟ်ရှိက်ခ်နေမရ်စီးနင်းလာသည့်ကားအားပစ်ခေတ်ခဲ့ကြပြီး၊၎င်းအားဒဏ်ရာရအောင်ပြုခဲ့ကြပေသည်။ ပြီးနောက်လိပ်စာအတိအကျ၊အမည်အတိအကျမသိရသည့်နေရာသို့ဟဇရတ်အာယာသွလ် လ္လာဟ်ရှိက်ခ်နေမ်ရ်အားခေါ်ဆောင်သွားကြလေသည်။ ဆော်ဒီလက်နက်ကိုင်လုံခြုံရေးတပ်မှဟဇရတ်အာယာသွလ်လ္လာဟ်ရှိက်ခ်နမ်ရ်စီးနင်းလာသည့်ကားအားပစ်ခေတ်ခံပြီး၊သေနတ်ဒဏ်ရာကြောင့်တံတိုင်ထောင်တနေရာမှဟဇရတ်အာယာ သွလ်လ္လာဟ်ရှိက်ခ်နမ်ရ်အားဖမ်းဆီးပြီးအမည်မသိနေရာသို့ခေါ်ဆောင်သွားကြခြင်းဖြစ်ပါသည်။ ရှိက်ခ်နေမ်ရ်သည် ၁၉၅၉ ခုနှစ်တွင် အဝါမီယေအမည်ရှိရွာလေးတွင်မွေးဖွားခဲ့ပါသည်။ ၎င်း၏ဖခင်မှာ ဘာဟ်ရိန်းနိုင်ငံအလ်အဟ်စာဒေသ၏အကျော်အမော်ရှီအာဘာသာရေး ခေါင်းဆောင်အာလင်မ်တစ်ပါးဖြစ်ပါသည်။ ရှိက်ခ်နေမရ်သည် သာသနာပညာရပ်များကို ကွမ်းသာသနာရွှေမြို့တော်နှင့်တီဟီရန်တွင်ဆည်းပူးခဲ့ပါသည်။ဆော်ဒီပြည်သူများအကြား ၎င်း၏ ခွသ်ဗာများသည် ကျော်ကြားလေသည်။








****************************************************************