အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန၊အဗ်နာ ။ ။
ဤညီလာခံအား ကျမ်းတော်မြတ်ကုရ်အာန်သည်မနုဿလူသားအားအမှောင်မှအလင်းဖက်သို့ တရားပြသည့်ကျမ်းဂန်ဖြစ်ကြောင်းပြဆိုတိုက်တွန်းရန်အတွက်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
ဤညီလာခံတွင် မွတ်လ္လာဟ်ဟလီးလ်အကေန်တီ၊အစ္စလာမ်မီကောင်စီအန်ဂျွန်မန်ဥက္ကဋ္ဌမှ -
မနုဿလူသားအနေဖြင့်ကျမ်းတော်မြတ်ကုရ်အာန်အားမြဲမြံစွာဆုပ်ကိုင်ထားမည်ဆိုလျှင်လမ်းမှန် ကိုရရှိပြီးဖြစ်ကြောင်း၊အလ္လာဟ်ဟိုအရှင်မြတ်၏နူးရ်ရောင်ခြည်တော်ဖြင့်အကျိုးခံစားနိုင်မည်ဖြစ်
ကြောင်း၊မည်သူမဆိုကျမ်းတော်မြတ်ကုရ်အာန်ဖတ်ရွတ်နေသမျှကာလပတ်လုံးအလ္လာဟ်အရှင်မြတ် ၏အရိပ်အောက်တော်တွင်ရှိပြီးရှိုင်တွန်၏စက်ကွင်းမှလွတ်မြောက်မည်ဖြစ်ကြောင်းပြောဆိုခဲ့ပါသည်။
၎င်းအနေဖြင့်ဆက်လက်ပြီးပြောကြားသည် -
အလ္လာဟ်ဟိုအရှင်မြတ်သခင်အားမဟုတ်မတရားစွပ်စွဲသူများသည်၊အရှက်သိက္ခာမရှိဆုံးသူများ
ဖြစ်ပြီး၊၎င်းတို့အတွက်အဖြေမှာကျမ်းတော်မြတ်ကုရ်အာန်၏မိုဟ်ကာမ်အအာယတ်တော်များဖြစ်ကြောင်း
ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီးမွတ်စလင်များအနေဖြင့်အမြဲတမ်းအစ္စလာမ်မီစိတ်ဓာတ်ဖြင့်ကျမ်းတော်မြတ်ကုရ်အာန်ကို ကာကွယ်ရန်နှင့် စော်ကား၊မရိုမသေလုပ်လာမှုမှန်သမျှအားပြင်းပြင်းထန်ထန်ခုံခံတော်လှန်သွားမည်ဖြစ်
ကြောင်းပြောကြားခဲ့ပါသည်။
*********************************************************************
၈ ဇူလိုင် ၂၀၁၂ - ၁၉:၃၀
News ID: 327959
((ကုရ်အာန်၊ကေသာဗ်ဗေနူးရ်ဝါဟေဒါယသ်)) အမည်ဖြင့်ညီလာခံကျင်းပ၊တူရကီ အစ္စလာမ်မီကောင်စီအန်ဂျွန် မန်၏ကြိုးပမ်းမှုဖြင့်တူရကီနိုင်ငံ၊ဒေရာဗက်ရ်မြို့ တွင်ကြရောက်လာမည့်လမြတ်ရမ်ဇန်အထိမ်း အမှတ်အတွက် ((ကုရ်အာန်၊ကေသာဗ်ဗေနူးရ်ဝါဟေဒါယသ်))အမည်ဖြင့်ညီလာခံအား ဇူလိုင်လ၆ရက်နေ့တွင် ကျင်းပခဲ့ပါသည်။