၁၈ ဇူလိုင် ၂၀၁၂ - ၁၉:၃၀

ဆီးရီးယား နိုင်ငံ ဒမတ်စကတ် မြို့တွင် သောင်းကြမ်းသူ၊အကြမ်းဖက် သမားများ ၏ တိုက်ခိုက် လုပ်ကြံမှု ကြောင့် (ဒါဝူဒ် ရဂ်ျဟေ) ဆီးရီးယား ကာကွယ်ရေး ဝန်ကြီး နှင့် အာဆေဖ် ရှောင် ကတ် (လက်ရှိ သမ္မတယောက်ဖ) သေဆုံး သွားခဲ့ ကြောင်း သိခဲ့ရပါ သည်။

 အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ ။ ။  သတင်းဌာန များမှ သတင်း သိရှိရသည်မှာ - ဆီးရီးယားနိုင်ငံကာကွယ်ရေး ဝန်ကြီးဌာန ရုံး အား အသေခံ ဝင်တိုက်မှုကြောင့် ဆီးရီးယား ကာကွယ်ရေး ဝန်ကြီး သေဆုံးသွားခဲ့ ရပါသည်။  ဤအသေလခံ ဖောက်ခွဲမှု ကြောင့် (ဒါဝူဒ် ရဂ်ျဟေ) ဆီးရီးယား ကာကွယ်ရေး  ဝန်ကြီး အသက် စတေးခံ လိုက်ရပါသည်။  ဆီးရီးယား ရုပ်မြင် သံကြားမှာ ကြေငြာ ထုတ်လွှင့် သည်မှာ ဤတိုက်ခိုင်ဖောက်ခွဲမှု မတိုင်မည် နာရီ တချို့ အလျှင် ဆီးရီးယားနိုင်ငံကာကွယ်ရေး ဝန်ကြီးဌာန ရုံး တွင် မြောက်များစွာ သော  သက်ဆိုင်ရာ အရာရှိများ ၏ အစည်းအဝေးကျင်းပ ခဲ့ကြပါသည်။  ဤအသေခံ ဗုံးခွဲ တိုက်ခိုက်မှု ကြောင့် အာဆေဖ် ရှောင် ကတ် (လက်ရှိ သမ္မတယောက်ဖ) ကြည်း ၊ရေ ၊လေ တပ် ဆိုင်ရာ စစ်တပ်၏ အကြီးဆုံး ဒု ဗိုလ်ချုပ် သည်လည်း သေဆုံး ခဲ့ ရပါသည်။   ဤတိုက်ခိုက်မှု သည် အသေခံ တိုက်ခိုက်မှု ဖြစ်ပြီး သေဆုံးသူများ ၏ အရေအတွက် ကို အတိအကျ မကြေငြာသေးချေ။ သို့သော် အချို့ သတင်းဌာနများ မှ ကွဲလွဲ မှုများဖြင့် သေဆုံးသူ များ၏ အရေအတွက် ကို ထုတ်လွှင့်နေပါသည်။  အချင်းဖြစ်ပွားရာနေရာ သူ ဝင်ရောက်ခွင့် တစ်ဦးတည်း ရခဲ့သူ ဟိုစိုင်း မိုရ်သဇာ (အလ်အာလမ် သတင်းထောက် ) မှ ဆီးရီးယားနိုင်ငံကာကွယ်ရေး ဝန်ကြီးဌာန ရုံးအဆောက် အဦး တစ်ခု လုံး ဖျက်စီး သွားကြောင်း ပြော ကြားခဲ့ပါသည်။  ****************************************************************************(ဒါဝူဒ် ရဂ်ျဟေ) ဆီးရီးယား ကာကွယ်ရေး ဝန်ကြီး အာဆေဖ် ရှောင် ကတ် (လက်ရှိ သမ္မတယောက်ဖ) ကြည်း ၊ရေ ၊လေ တပ် ဆိုင်ရာ စစ်တပ်၏ အကြီးဆုံး ဒု ဗိုလ်ချုပ်