အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ ။ ။
မဟ်ဒီ ဟစန် အလ်ဟရီးဖ် ၊ အလ်ခိုဝီးလဒီယေ ရပ်ကွက်သား ဆော်ဒီ အရှေ့ပိုင်းရှိ အလ်ကသီးဖ် ပြည်နယ် တွင် နေတိုင်သူ သည် အဖမ်း ခံခဲ့ ရပါသည်။
ထိုနောက် ပြစ်ဒဏ် ချမှတ်ခြင်းမခံရဘဲ ၊ မည်သို့မျှ ဆက် သွယ်မှု မပြုနိုင်ဘဲ ထောင်အတွင်း ၄၃ လ တိုင် နေခဲ့ရလေသည်။
ဆော်ဒီ အာဏာ ပိုင်များ မှ ဤ ၂၅ နှစ်အရွယ် လူငယ်အား ၃နှစ် နှင့် ၇လ ထောင်၌ ထားပြီး လွတ်ပေး ခဲ့ပါသည်။
မဟ်ဒီ ဟစန် အလ်ဟရီးဖ် သည် ၂၀၀၉ ခုနှစ်တွင် အဖမ်း ခံခဲ့ရပြီး ၊ပြစ်ဒဏ် ချမှတ်ခြင်း မခံရဘဲ (သို့) ၎င်း၏ရှေ့နေ ဖြင့်အမှု လိုက်နိုင်ခြင်းမပြုနိုင်ဘဲ ဆော်ဒီ နိုင်ငံ ခြားရေး ဝန်းကြီး ဆိုင်ရာ ထောင်များ မကောင်းတကာ မကောင်းဆုံး အခြေ အနေ တွင်နေခဲ့ရပေသည်။
ဆော်ဒီ အာဏာ ပိုင်များ မှာ ထောင်ပေါင်းများစွာသော သူများကို တိကျသည်စွဲချက်မရှိ ဘဲ ၊ပြစ်ဒဏ် ချမှတ်ခြင်း မရှိဘဲ ဖမ်းဆီး ချုပ်နှောင် ထားပေသည်။ တစ်ချို့ ဆိုလျှင် ထောင် ၌ ၁၇ နှစ်ကျော် နေပြီး ဖြစ်ပါသည်။ ************************************************************************
၃၀ ဇူလိုင် ၂၀၁၂ - ၁၉:၃၀
News ID: 333185
သက်ဆိုင်ရာ ဆော်ဒီ အစိုးရ ဖက်မှ မိမိတို့အား ဆန့်ကျင် လှုပ်ရှား သူများ မှ တစ်ဦးအား ထောင်တွင် ၃ နှစ်နှင့် ၇ လထားပြီး ပြန်လွတ်ပေး လိုက်လေသည်။