အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။
အကြမ်းဖက် ၊ရက်စက်ကြမ်းကြုတ် သည့် ဝဟာဘီ၊အဟ်လေ့ဘိုက်(အ.စ) နောက်လိုက်များ ၏ရန်သူ ကား သည် လမြတ် ရမ်ဇန် အားလည်း မရိုမသေ ၊မလေးမစားပြုပြီး မိမိ လူမဆန်
မှုကိုဤ လမြတ်တော် အတွင်း ပြုလုပ် လျက် ရှိ ပါသည်။
ကရာချီ မြို့
ဇူလိုင်လ ၂၈ ရက်နေ့ ၊ တနင်္ဂနွေ နေ့ တွင် အေဖ်သာရီ ဖြေရန် ၅မိနစ်သာ လိုချိန်တွင် ရှီအာ
အဝတ်ချုပ်သမား တစ်ဦး အား အကြမ်းဖက်သမားအဖွဲ့ စေပါယေဆွာဟာဗာ မှ(မလီးရ် ) ဒေသတွင် တိုက်ခိုက် ပစ်ခေတ် ခဲ့ပါသည်။
ဤတိုက်ခိုက် မှုကြောင့် မိုဇာမေလ် ဟိုစိုင်း(န) အဖ မဟ်ဒီဟစန် ၊ အသက် ၄၅ နှစ်ရှိ ရှီအာ ကရာချီ မြို့သားသည် ရှဒီးဒ် ဖြစ်သွားရပါ သည်။
ထိုနည်းတူစွာ ကရာချီ မြို့ တောင်ပိုင်းဒေသတွင် အစ္စဂဲရ် အဖ ၊ ရေယာစ် အသက် ၂၄ နှစ်
အား ပစ်ခေတ်ခဲ့ပါသည်။ ၎င်း အား ၅ ချက် သေနတ် ထိ ထားရာ လက်ရှိ (အာဂါခမ်း ) ဆေးရုံးတွင် (ကိုမာ ) အခန်း တွင် တက်ရောက် ကုသ လျက်ရှိ ပါသည်။
ကွေတာမြို့
ဇူလိုင်လ ၂၈ ရက်နေ့ ၊ တနင်္ဂနွေ နေ့ တွင် ပင် ဟဇာဂန်ဂျီဒေသ ၊ ကွေတာမြို့တွင် နောက်ရှီအာ တစ်ဦး ကိုဘန်အလီ အမည်ရှိသူသည် အီရန် နိုင်ငံ မှ ဇေယာရတ်ပြုပြီးပြန်
လာရာ ဖော်ပြပါ နေရာ တွင်ခေတ္တ အနားယူ ရန် နားနေခိုက် လူမဆန်သည် အစ္စလာမ် အယောင် ဆောင် အကြမ်းဖက်သမားအဖွဲ့ စေပါယေဆွာဟာဗာမှပြန် ပြေးဆွဲ ခဲ့ပါသည်။
အခုအချိန်အထိ ၎င်း ၏ သတင်းမရရှိသေးပေ။
ဂျဟန်ဂ်
မနေ့ကဇူလိုင်လ ၃၀ ရက်နေ့ ၊တနင်္လာ နေ့ တွင် မဟရ်အာဇမ်နှင့် နာစေရ် အဘာစ် အမည်ဖြင့် ရှီအာ နှစ်ဦး အား မိမိတို့ ဒေသရှိ အေမာမ်ဘာရာ တွင် ဟဇရတ် အဘာစ်(အ.စ)
၏အလံ ထောင်နေစဉ် လူယုတ်မာအဖွဲ့ စေပါယေဆွာဟာဗာအဖွဲ့ မှ ပစ်ခဲ့ပါသည်။ ကံကောင်းစွာဖြင့် ဤလူငယ်နှစ်ဦးသည် ဒဏ်ရာ ရပြီး ၊ ဆေးရုံးတင်ထားရပါသည်။
ဗလိုဂျစ်စတန်
မနေ့ကဇူလိုင်လ ၃၀ ရက်နေ့ ၊တနင်္လာ နေ့ တွင်ပင် ဗလိုဂျစ်စတန် ရှိ (ဂျအ်ဖဂ်အာဗါဒ်) ဒေသတွင် ကာဒေရ်ဗခ်ရှ် အဖ ဟာဂျီ မိုသဟေလ်ခန်းအေမရာနီ သည် အစ္စလာမ် အယောင် ဆောင် (လရှ်ကရ်ဂျန်ဟဂ်ဂူ) အဖွဲ့ ၏ လက်ချက်ဖြင့် ရှဒီးဒ် ဖြစ်သွားခဲ့ ပါသည်။
အနှိပ်စက် အရက်စက်ခံ နေရသည့် ပါကစ္စတန် ရှီအာများ သည် ယနေ့ အထိ ရမ်ဇန် လမြတ် တော် အတွင်း ၄ ဦး ရှဒီးဒ် ဘွဲ့ ခံယူခဲ့ကြပြီး ဇူလိုင်လ တစ်လ လုံးတွင် အယောက် ၃၀ ရှဒီးဒ် ဘွဲ့ ခံယူခဲ့ကြ ကြောင်း မှတ်တမ်း တင်အပ် ပါသည်။ ဆက်နွယ် သတင်းများ - ပါကစ္စတန်နိုင်ငံသားရှီအာ ၄ ဦးလည်လှီးလုပ်ကြံခံရ- ကျောင်းသားများ၏ငြိမ်းချမ်းသည်ဆန္ဒပြမှု- ပါကစ္စတန်နိုင်ငံသားရှီအာတစ်ယောက် ရှဟီးဒ်ထပ်ဖြစ်
၃၁ ဇူလိုင် ၂၀၁၂ - ၁၉:၃၀
News ID: 333451
အကြမ်းဖက်၊ရက်စက်ကြမ်းကြုတ်သည့်ဝဟာဘီ၊အဟ်လေ့ဘိုက်(အ.စ)နောက်လိုက်များ ၏ရန်သူတို့အနေဖြင့်လမြတ်ရမ်ဇန် အားလည်းမရိုမသေ ၊မလေးမစားပြုပြီး မိမိ လူမဆန် မှုကိုဤ လမြတ်တော် အတွင်း ပြုလုပ် လျက် ရှိ ပါသည်။