၈ ဩဂုတ် ၂၀၁၂ - ၁၉:၃၀

အမီးရွလ် မိုမေနီ ဟဇရတ် အလီ (အ.စ ) ၏ ရှဟာဒသ် ကို အထူး လေးစား အလေးထားသည့် အတွက်ကြောင့် ၎င်း မြန်မာ ရှီအာ မိုမင် တစ်ဦး၏ ဖြူစင် သည့် ဆန္ဒ ကို လက်တွေ့ အကောင်အထည် ဖော်ပေး နိုင်ရန် အတွက်၎င်း အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ အနေဖြင့် al-ghadee မှ ကောက်နှုတ် တင်ပြ လိုက်ပါသည်။

အလ္လာဟ်အရှင်မြတ် အား ချီးကျူးထောပနာ ပြုရင်း မာစူးမ် ( ၁၄ ) ပါး အပေါ်သို့ ဒရူးဒ် စလာမ် ပို့သအပ်ပါသည်။

အစ်ပနေမွလ်ဂျင်မ်(လ.န) ရဲ့ ဓါးတစ်ပြက်အစ္စလာမ့် အတွက် နစ်နာချက် လမြတ်ရမ်ဇန်၏   ၁၉   ရက် နေ့တွင် ဝေလာယသ်သရဖူ အေမမ်အလီ(အ.စ) ဇဲရ်ဘသ် ဓါးဒဏ်ရာ ရခဲ့သောနေ့ ဖြစ် သဖြင့် အေမမ်အလီ(အ.စ) ကို ချစ်ခင်လေးစားကြသော မွတ်စ်လင်မ်မို့အ်မင်န်များ ဝမ်းနဲကြေကွဲရ ဆုံးနေ့ တနေ့လည်းဖြစ်ခဲ့ပါသည် ။ ထို့ပြင် အမှန်စင်စစ် အစ်ပနေမွလ်ဂျင်မ် ခုတ်ခဲ့သော ဓါးတစ်ပြက် သည် အစ္စလာမ် သာသနာအတွက် လည်း များစွာနစ်နာစေခဲ့ပါသည် ။

အမိုက်မှောင်ခေတ်မှ အာရဗ်များကို  ၂၃ နှစ် သဘလီးဂ်လုပ်( လမ်းမှန်ညွှန်ပြ )ရုံနှင့် စစ်မှန်သော မွတ်စ်လင်မ် မို့အ်မင်န်များအဖြစ် အောင်မြင်စွာ ဆက်လက်ရပ်တည်ရန်မှာ မလွယ်ကူမှန်း တမန်တော်မြတ်(ဆွ) က သိရှိ တော်မူခဲ့ပါသည် ။ ထို့ကြောင့် တမန်တော်မြတ်(ဆွ)သည် မိမိနှင့် နူရ်ရောင်ခြည်တခုထဲမှ ဖန်ဆင်းခံရသည့် မိမိ၏ညီဖြစ်သူ အလီအစ်ပနေအဘီသွာလစ်ဘ်(အ.စ)ကို မိမိ၏ဝစီ အဖြစ် (အလ္လာဟ်အရှင်မြတ်၏ ညွှန်ကြားချက် အရ) သတ်မှတ်တော်မူခဲ့ပါသည် ။ ထို့ပြင် အေမမ်အလီ(အ.စ)ကို  မိမိ၏ နောက် မဆိုင်းမတွ တဆက်တည်း ခလီဖာအဖြစ် လက်ခံရန် လိုအပ်ကြောင်း လည်း အကြိမ်ကြိမ် ကြေငြာခဲ့ပါသည် ။သို့သော် ၂၃ နှစ် သဘလီးဂ်လုပ်ခဲ့သမျှသည် တမန်တော်မြတ်(ဆွ) ၏ ဝစီယသ် ကို မလိုက်နာသည့် ( ကြားဖြတ် ခလီဖာ ၃ ဦး ) အုပ်ချုပ်ခဲ့သည့် ၂၅ နှစ် အတွင်း ပရမ်းပတာ ဖြစ်သွားခဲ့ရပါသည် ။   မွတ်စလင်မ် အများစုသည် လည်း ထို ၂၅ နှစ် အတွင်း အကျင့်ပျက်ခြစားမှု နှင့် လောကီစည်းစိမ် ယစ်မူးမှု တွင် ပျော်မွေ့ နေခဲ့ကြပါသည် ။ ထို့ကြောင့်စတုတ္တမြောက် ခလီဖာအဖြစ် အုပ်ချုပ်ခဲ့ရသော ၅ နှစ် အတွင်းထိုသို့သော အကျင့်ပျက် မွတ်စ်လင်မ် များ ကို လမ်းမှန်ရောက်အောင် ပြုပြင်ပေးသော အေမမ်အလီ(အ.စ) ၏  အစ္စလာမ့် စည်းမျဉ်းအတိုင်း အုပ်ချုပ်မှု ကို ၎င်းတို့သည် ခါးသီးစက်စုပ်ကြလေပြီ် ။   အစ္စလာမ်သာသနာတော် ကို သက်ဝင်ထားသူများက အစ္စလာမ့် စည်းမျဉ်း အတိုင်း အုပ်ချုပ်မှုကို ခါးသီး သွားရခြင်းမှာ ….စကီဖာ ဘနီစာအေဒါ  မှ သာဝကများ တမန်တော်မြတ်(ဆွ) ၏ ဝစီယသ် ကို မလိုက်နာသည့် အတွက် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ပါသည် ။အစ္စလာမ့်စည်းမျဉ်းအတိုင်း အုပ်ချုပ်မူကို ခါးသီးနေသူများ ၊ အကျင့်ပျက်ခြစားသူများ ၊ လောကီစည်းစိမ် ယစ်မူးသူများ နှင့် ဂျေဟားဒ်စစ်ပွဲများတွင် အေမမ်အလီ(အ.စ) ဓါးချက်ဖြင့် သေဆုံးခဲ့ရသူများ၏ ဆွေမျိုး (ကာဖဲရ်မွရှ်ရစ်က်) များသည် အေမမ်အလီ(အ.စ) ကို လက်စားချေရန် ဆန္တအလွန်ပြင်းပြနေကြပါသည် ။ထိုသို့ လက်စားချေလိုသူများထဲမှ အဘ်ဒွလ်ရဟ်မန် အစ်ပနေမွလ်ဂျင်မ်(လ.န) အမည်ရှိ ခါရေဂျီ သည် ဟစ်ဂျရီ ၄၀ ခုနှစ် လမြတ်ရမ်ဇန်  ၁၉   ရက် နေ့ နံနက် စွဘ်ဟေ့အချိန်တွင် ကူဖာပလီ မဟ်ရဘ်တွင် နမားဇ် ဝတ်ပြုနေ သော အေမမ်အလီ(အ.စ) အား ဓါးဖြင့်ခုတ်ခဲ့ပါသည် ။   ထိုဒဏ်ရာကြောင့် အေမမ်အလီ(အ.စ) သည် လမြတ် ရမ်ဇန်  ၂၁  ရက် နေ့တွင် ရှဟီးဒ်ဖြစ်ခဲ့ရလေသည် ။ တမန်တော်မြတ် (ဆွ) မှလွဲ၍ ကျန်လူသားများတွင် အမြင့်မြတ်ဆုံး အေမမ် အလီ(အ.စ) ရှဟီးဒ်ဖြစ်ခဲ့ခြင်းကြောင့် အစ္စလာမ်သာသနာ အတွက်လည်း များစွာ နစ်နာစေခဲ့ပါသည် ။                                အေမမ် အလီ(အ.စ)သည် ခလီဖာအဖြစ် အုပ်ချုပ် ခဲ့ရသော ၅ နှစ် အတွင်းမှာပင် သာသနာအတွက် ပေးဆပ် ခဲ့သော အကျိုးကျေးဇူးများစွာကို ယနေ့ခေတ်ထိတိုင် မျက်မြင်တွေ့နေရဆဲဖြစ်ပါသည် ။အထင်ရှားဆုံးအကျိုးကျေးဇူးတစ်ခုမှာ……အာရဘ်လူမျိုးမဟုတ်သော မွတ်စ်လင်မ်များ အနေဖြင့် ကျမ်းမြတ် ကွရ်အာန် ကို အလွယ်တကူ ဖတ်ရွတ်နိုင်ခြင်းမှာ အေမမ် အလီ(အ.စ) ၏ ညဏ်ပညာကြီးမြင့်မှု အကျိုးကျေးဇူး ပင်ဖြစ်ပါသည် ။ကျမ်းမြတ် ကွရ်အာန် စူရာ မိုဂျာဒေလာ(၅၈) ၊ အာယသ် နံပတ် ၁၃ တွင် ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်ကို လည်းကောင်း ၊ ထို(အရှင်မြတ်၏) ရစူလ် တမန်တော်၏ အမိန့်တော်ကို လည်းကောင်း လိုက်နာကြလေကုန်…..ဟု မိန့်တော်မူနေပါသည် ။   အေမမ်အလီ(အ.စ)ကို  မိမိ၏ နောက် မဆိုင်းမတွ တဆက်တည်း ခလီဖာအဖြစ် လက်ခံရန် လိုအပ်ကြောင်း တမန်တော်မြတ်(ဆွ) မိန့်တော်မူခဲ့သော် လည်း မလိုက်နာသူများသည် ကျမ်းမြတ် ကွရ်အာန် မှ ညွှန်ကြားချက်ကို မလိုက်နာသူများ ပင် ဖြစ်လေသည် ။စကီဖာဘနီစာအေဒါ မှ သာဝကများ နှင့် အစ်ပနေမွလ်ဂျင်မ်(လ.န) တို့သည် ပညာ့မြို့တော်တံခါးပေါက် ဖြစ်သော အေမမ် အလီ(အ.စ)ထံတော်မှ ခက်ခဲနက်နဲသောပညာရပ် အစစ်အမှန်များကို မွတ်စ်လင်မ် မို့အ်မင်န် များ ထံ မရောက်နိုင်စေရန် ပိတ်ပင်ခဲ့ကြသော သမိုင်းတရားခံ အစစ်အမှန်များ ဖြစ်ကြလေသည် ။စလူနီ - စလူနီ ဟု ရဲ့ဝင့်စွာ ကြွေးကြော်ရဲသည့် ပညာမြို့တော်၏တံခါးပေါက်ကို အချိန်မတိုင်မီ ဖြိုဖျက်ခဲ့ ကြသောကြောင့်အစ္စလာမ်သာသနာသည်  နှစ်ပေါင်းများစွာ ခေတ်နောက်ပြန်ခဲ့ရလေပြီ……။အစ္စလာမ်သာသနာသည်  နစ်နာခဲ့လေပြီ……….. ။အစ္စလာမ် သာသနာသည်  ရေသောက်မြစ် ပြတ်တောက်သွားလေပြီ……….. ။ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အေမမ် ဟစံ(အ.စ) သည်လည်း သာသနာ ရှင်သန်နိုင်ရေးအတွက် မလွဲသာမရှောင်သာ အနေအထားကြောင့် မိုအာဝေယာ နှင့် ငြိမ်းချမ်းရေး စာချုပ်ချုပ်ခါ ခေလာဖသ် ရာထူးကို စွန့်လွှတ် ပေးခဲ့ရုံသာမက နောက်ဆုံး အသက်ပါ စတေးခဲ့လေပြီ……. ။ သို့သော် စကီဖာဘနီစာအေဒါ မှ အစပြုသော သာဝကများ ၏လုပ်ရပ်ကြောင့် အစ္စလာမ်သာသနာသည်ကား ဘနီအိုမိုင်ယာမင်းဆိုး၏ လက်ထဲတွင် ညှိုးခြောက်နေဆဲ………..။ထိုသို့ ဘနီအိုမိုင်ယာမင်းဆိုး၏ လက်ထဲတွင် ဆက်ရှိနေပါက အစ္စလာမ်သာသနာသည် လူသားအားလုံးရွံမုန်း အော့နှလုံးနာစရာ စက်ဆုပ်ဖွယ်သာသနာအဖြစ် နိမ့်ကျသွားပေတော့မည် ။   ထို့ပြင် ကုရ်အာန် သည်လည်းကောင်း ၊ နမာဇ်းသည်လည်းကောင်း ၊ အစ္စလာမ် သာသနာ၏ လုပ်ရပ်အမဲလ် မှန်သမျှ သည်လည်းကောင်း ပြုပြင်ပြောင်းလဲခံရပြီး (အီဆာအီများ၊ နဆွရာနီများကဲ့သို့) ကျမ်းအတု၊ ၀တ်ပြုမှုအတု၊ယဉ်ကျေးမှုအတုများနှင့် အစ္စလာမ်ဟု အမည်ခံထားသော သာသနာအတု ဖြစ်သွားပေတော့မည် ။   ထို့ကြောင့် အေမမ် ဟူစိန်(အ.စ)သည် မိမိ နှင့် သစ္စာရှိရဲဘော်ရဲဘက်အပေါင်းအနေဖြင့်  ကိုယ်ကျိုးစွန့်အသက်ပေး ကာကွယ်ရန် လိုအပ်နေကြောင်းသိလေပြီ………..။   ထို့နောက် အေမမ် ဟူစိန်(အ.စ)သည်ကဲရ်ဘလာတွင် ပေးဆပ်ခဲ့ခြင်းကြောင့်သာလျှင် စစ်မှန်သည့် ၊ ဂုဏ်ယူဖွယ်ကောင်းသည့် ၊ သာသနာအပေါင်းအပေါ် လွှမ်းခြုံအောင်မြင်နိုင်သည့် အစ္စလာမ်သာသနာကို ယနေ့ခေတ်အထိ လက်ဆင့်ကမ်းပိုင်ဆိုင်နိုင်ခြင်းဖြစ်ပါသည် ။ အစ်ပနေမွလ်ဂျင်မ် ခုတ်ခဲ့သော ဓါးတစ်ပြက်ကြောင့် ညှိုးခြောက်နေခဲ့ရသော အစ္စလာမ်သာသနာကို ရှင်သန် ခွင့် ရအောင် အေမမ် အလီ(အ.စ)၏ သွေးရင်းသားရင်း များက ပေးဆပ်ခဲ့လေပြီ…….. ။  သို့သော် သာသနာကို လက်ခံထားသည့် မွတ်စ်လင်မ်များပါ အောင်မြင်နိုင်ရေးအတွက် အေမမ် အလီ(အ.စ) ၏ သားမြေးများက တစ်ပါးပြီးတစ်ပါး အသက်ပေး၍ လုပ်ဆောင်ပေးနေရဆဲ…………… ။ နောက်ဆုံးနူရီတော် အေမမ် မဲဟ်ဒီမောင်အူးဒ်(အ.ဂျ) သည်လည်း ဂိုဘ်အကွယ်မှ ကူညီနေဆဲ……….။ သို့သော် ဇဟူရ် မဖူးပွင့် သေးသဖြင့် မွတ်စ်လင်မ်များပါ အောင်မြင်နိုင်ရေးဆိုသည့် ပန်းတိုင်ကဝေးကွာနေဆဲ………….။ ထို့ကြောင့် ဖန်ဆင်းရှင်၏ သာသနာကို လက်ခံထားသော မွတ်စ်လင်မ်များဖြစ်ရက်နှင့်  ၂၁ ရာစု ခေတ်နှင့်ညီရန် အမှီလိုက်နေရဆဲ…….။ ခေတ်ရှေ့ကဦးဆောင်ရန်ကား ဝေးကွာနေဆဲ………..။ ကျမ်းမြတ်ကွရ်အာန်ကို အီမမ်ယူထားပါရက်နှင့် ထိုကျမ်းမြတ်အတ