အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန၊ အဗ်နာ။ ။
စူရ်ယာဒ်အရ်မာအလီ အင်ဒိုနီးရှား သာသနာ ဝန်ကြီး သြဂုတ်လ ၈ ရက်နေ့ တွင် ကျမ်းတော်မြတ် ကုရ်အာန်အပေါ် လက်တွေ့ လိုက်နာ ကျင့် သုံးခြင်းဖြင့် အစ္စလာမ်မီ အသိုင်း အဝန်း သည် တိုးတက် လာမည် ဖြစ်ကြောင်း၊ အကြောင်း မှာ ကျမ်းတော်မြတ်ကုရ်အာန် သည် အကောင်းတကာ အကောင်းဆုံး ရှင်းလင်းဖြတ်သားသည့်နည်းဖြင့် မနုသာ လူသား အား သင်ကြား ပေးနေသည့်အတွက် ကြောင့် တိုက်တွန်း ပြောကြားခဲ့ပါသည်။
၎င်းအနေဖြင့်ဆက်လက်ပြီး တရားမျှတမှု ၊ကျောသားရင်သား မကွဲခြားမှု နှင့်စပ်လျဉ်းပြီး ကျမ်းတော်မြတ် ကုရ်အာန်သည် တရားမျှတမှု ၊ကျောသားရင်သား မကွဲခြားမှု ကို ကောင် အထည် ဖော်လိုကြောင်း ၊မွတ်စလင် များအနေဖြင့် ဤကျမ်းတော်မြတ်ကုရ်အာန်၏ အမိန့် အား ဖြစ်မြောက်လာရန် မိမိတို့ ပတ်ဝန်းကျင် သင်တန်း များ ပို့ချ မည် ဟု မျှော်လင့် ကြောင်း ပြောကြားခဲ့ ပါသည်။
ဆက်လက်ပြီး ဤအစီအစဉ် တွင် ဂျာကာတာ မြို့ မှအာလင်မ်ပညာရှင် မေနာရွလ်ဟေဒါယသ် အနေဖြင့် မွတ်စလင်များ အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် များများဖတ်ရွတ် လေလေ များများ အာယတ်တော်များ ၏ ဆိုလိုမှု ကို တွေးခေါ် စဉ်းစား ဆင်ခြင်သင့်ကြောင်း၊ ပြီးနောက် ကျမ်းမြတ် ကုရ်အာန်၏ အမိန့်တော်များ နှင့်အညီလက်တွေ့သရုပ်ဖော် ဖို့ လက်တွေ့ အကောင်အထည် ဖော် နိုင်ရန် ပြောကြားခဲ့ပါသည်။