အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန၊အဗ်နာ ။ ။ဆင့်ပြန်ချက်၌လာရှိသည်မှာ-အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)သခင်သည် လူထုနှင့်မတွေ့မည် အလျှင် မိမိကိုယ်ကို သန့်သန့်ပြန့်ပြန့် ဝတ်ဆင်လေ့ရှိပေသည်။လူထုနှင့် စကားပြောချိန်၌ မည်သူစကားကိုမျှ ဥပက္ခာမပြုခဲ့ချေ။ယုတ်စွအဆုံးမည်သည့် အချိန်၌ဖြစ်စေသူတစ်ပါး၏ စကားကိုမဖြတ်ချေ။အဆုံးထိ တိုင်အောင်ပြောခွင့် ပေးလေသည်။ထိုနည်းတူစွာ မည်သူကိုမဆို လိုအင်အာသီသကို မိမိစွမ်းအားဖြင့် တတ်နိုင်သမျှ မပြယ်ဖျက်ဘဲ ဖြည့်စွက်ပေးလေသည်။ အေမာမ်(အလိုင်ဟစ်စလာမ်)၏ ဘဝတစ်လျှောက်လုံးတွင် မည်သည့်အခါမျှ အသံကျယ်လောင်စွာဖြင့် ရယ်မောခြင်းကို မတွေ့ခဲ့ရချေ။ရယ်မောတော်မူလျှင်လည်း ပြုံးပြယုံအထိသာ ရယ်တော်မူလေသည်။အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)သည် မိမိကိုယ်ကို အမွေး၊အကြိုင်၊ရေမွေးလိမ်းခြင်းကို ပြုတော်မူသည်။အထူးသဖြင့် လူထုအကြားကြွမြန်းချိန်၌ အမွေး၊အကြိုင်သုံးစွဲခြင်းကို နှစ်သက်တော် မူလေသည်။ကိုယ်တော်(အလိုင်ဟစ်စလာမ်)သည် သူတစ်ပါးအားမြောက်မြားစွာ အကျိုးအမြတ် ပြုခဲ့လေသည်။ဆဒ်ကာ ပေးကမ်းလှူဒါန်းခြင်း အလုပ်ကိုအများအားဖြင့် မှောင်မိုက်နေသည့်ညများ၌ ပြုလုပ်ခဲ့ပေသည်။အေမာမ်(အလိုင်ဟစ်စလာမ်)သည် အလွန်တရာ ကျိုးနွံသူဖြစ်ပေသည်။ရီဝါယတ်တော်၌ လာရှိသည်ကား တစ်နေ့၌လူအများရေချိုးသည့် ခန်းမဆောင်တွင် အေမာမ်(အလိုင်ဟစ်စလာမ်)အား သိကျွမ်းမှုမရှိသူ တစ်ဦးတစ်ယောက်သည် ကိုယ်တော်အား ပြောဆိုလေ၏။"ကျွန်တော်ကို ချေးတွန်းပေးပါ။"အေမာမ်(အလိုင်ဟစ်စလာမ်)အနေဖြင့်လည်း ချေးတွန်းပေးမှုကို စတင်လေသည်။အေမာမ်(အလိုင်ဟစ်စလာမ်)အနေဖြင့် ၎င်းအမျိုးသားအား ချေးတွန်းပေးနေသည်ကို လူအများမှမြင်ပြီး၊၎င်းအမျိုးသားအား ချေးတွန်းပေးနေသူသည် (သာမန်ပုဂ္ဂိုလ်မဟုတ်ကြောင်း) အေမာမ်(အလိုင်ဟစ်စလာမ်) ဖြစ်ကြောင်း ပြောပြလေ၏။၎င်းအမျိုးသားသည် စပြီးတောင်းပန်လေ၏။သို့သော် အေမာမ်(အလိုင်ဟစ်စလာမ်)သည် ၎င်းအား အချစ်၊မေတ္တာထားသည်ကို (သက်သေထူရန်)ဆက်လက်ပြီး ချေးတွန်းပေးခဲ့သည်။ထိုနည်းတူစွာ အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)သည် မိမိဧည့်သည်တော်များကို အရမ်းရိုသေ၊အလေးပေး လေးစားလေသည်။ ရီဝါယတ်တော်၌ လာရှိသည်မှာ-တစ်နေ့၌ ဧည့်သည်တော်တစ်ယောက်သည် အေမာမ်(အလိုင်ဟစ်စလာမ်) ထံရောက်လာ၏။ထို့နောက် ညပါနေလေ၏။ညအချိန် ဆီးမီးခွက်သည် လဲယိုင်သွားရာ ထိုဧည့်သည်အနေဖြင့် ဆီးမီးခွက်ကို ပြန်လည်တည့်မတ်ရန်လာလေသည်။သို့သော် အေမာမ်(အလိုင်ဟစ်စလာမ်)အနေဖြင့် ၎င်းကိုပြန်လည်တည့်မတ်ခွင့် မပေးဘဲကိုယ်တိုင် တည့်မတ်တော်မူပြီး၊မိန့်ကြားလေသည်။"ကျွန်ုပ်တို့သည် မိမိ၏ဧည့်သည်များကို အလုပ်မလုပ်စေလိုချေ။(ဆိုလိုသည်ကား အရမ်းအားနာတတ်၍ ဖြစ်ပေသည်။ထို့ပြင် ဧည့်သည်များမပင်ပန်းစေလိုသောကြောင့်ဖြစ်ပေသည်။)