အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန၊အဗ်နာ ။ ။ အာဂါယေ အလာအွဒ်ဒီး(န)ဗရိုဂျရ်ဒီ ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံ ၏ နိုင်ငံတော် အေးငြိမ်းသာယာရေး နှင့် နိုင်ငံခြားရေးပေါ် လာစီကော်မရှင်ဥက္ကဋ္ဌ အနေဖြင့် အမေရိကန် အနေဖြင့် အခုလို ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံ အား ဆန်ကျင့်မှု ပြုရတွင် မိမိတို့၏ရှိသမျှ အမှီသဟဲများ၊ အထောက်အကူပြုအရာများ ကို အသုံးပြုကြိုးပမ်းနေချိန်တွင်တီဟီရန်မြို့၌ကျင်းပမည့်နိုင်ငံပေါင်း ၁၂၀၏ အဖွဲ့ဝင်မဟုတ်သူများ ၏ ထိပ်သီး အစည်း အဝေးပွဲတော် သည် ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံ ၏ ရှုံးနှိမ့်မှု နှင့် အီရန်နိုင်ငံ အောင်မြင်မှု ကို သက်သေထူရဖြစ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ၎င်းအနေဖြင့် ဤ နိုင်ငံပေါင်း ၁၂၀၏ အဖွဲ့ဝင်မဟုတ်သူများ ၏ ထိပ်သီး အစည်း အဝေးပွဲတော် အား တီဟီရန် နိုင်ငံတွင် ကျင်းပခြင်းဖြင့် အီရန် နိုင်ငံ သည် ကမ္ဘာ အဆင့်မှီကြီးမားသည့် နိုင်ငံခြားပေါ်လာစီ အတွေ့အကြုံ ကို ရရှိမည် ဖြစ်ကြောင်း၊လာမည့် အနာဂတ် ၃နှစ်တိုင် ဤ အစည်းအဝေးပွဲတော်သည် အီရန်နိုင်ငံ၏ ဦးဆောင်မှု လက်အောက်တွင် ရှိမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ဆက်လက်ပြီးပြောကြားသည်မှာ - ဤအစည်းအဝေးပွဲတော်ကြောင့်ဆိုက်ယူနစ်ဝါဒီအစ္စရေးအစိုးရသည်ရူးကြောင်ကြောင်ဖြစ်နေ ကြောင်း ၊အကြောင်းမှာ ရူးကြောင်မူးကြောင် ဖြစ်နေသည့်အတွက် ကုလသမ္ဂ အထွေအထွေ အတွင်းရေးမှူးအား တီဟီရန်သို့ သွားပြီး အစည်းအဝေး မတက်ရန် ဖိအားပေးနေကြောင်း၊ဤအစည်းအဝေးပွဲတော်မှ အကြိမ်ပေါင်းများစွာ အီရန်နိုင်ငံ၏ နုးကလီယား အစီအစဉ် သည် ငြိမ်းချမ်းစိတ်ချရသည့် အစီအစဉ်အဖြင့် ဆုံးဖြတ်ပေးထား သဖြင့် အမေရိကန် နိုင်ငံ၏အီရန် ဆန်ကျင့်ရေး သည် တရားမဝင်လုပ်ရပ် နှင့် ပညာမဲ့ သည့် လုပ်ရပ်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
အဖွဲ့ ဝင် မဟုတ်သူများ ၏ ထိပ်သီး အစည်း အဝေး ပွဲတော် - 1
တီဟီရန် မြို့ ၌ ကျင်းပမည့် နိုင်ငံပေါင်း ၁၂၀ ၏ အဖွဲ့ ဝင် မဟုတ်သူများ ၏ ထိပ်သီး အစည်း အဝေး ပွဲတော်
၂၂ ဩဂုတ် ၂၀၁၂ - ၁၉:၃၀
News ID: 339009
တီဟီရန်မြို့၌ကျင်းပမည့်နိုင်ငံပေါင်း၁၂၀၏အဖွဲ့ဝင်မဟုတ်သူများ၏ ထိပ်သီးအစည်းအဝေးပွဲတော်ကြောင့်ဆိုက်ယူနစ်ဝါဒီအစ္စရေးအစိုးရ ရူးကြောင်ကြောင်ဖြစ်နေရှာပြီး၊ပြည်ထောင်စုအစ္စလာမ်မစ်အီရန်နိုင်ငံ ၏နိုင်ငံတော်အေးငြိမ်းသာယာရေးနှင့်နိုင်ငံခြားရေးပေါ်လာစီကော်မရှင် ဥက္ကဋ္ဌအနေဖြင့်ဤအစည်းအဝေးတော်သည်အီရန်နိုင်ငံအားစီးပွားရေး ပိတ်စို့မှုများ၏မအောင် မြင်ကိုသက်သေထူနေကြောင်းပြောကြား လိုက်ပါသည်။