၂၇ ဩဂုတ် ၂၀၁၂ - ၁၉:၃၀

အိန္ဒိယနိုင်င်ငံလက်ခနောင်းမြို့ရှိမဂျလစ်စေအိုလမာယေရှီအာ၏ဦးဆောင်မှုဖြင့် သြဂုတ်လ၂၆ရက်နေ့တနင်္ဂနွေနေ့တွင်စစ်ဗ်သိုင်အာဗ်ရှိအေမာမ်ဘာရာတွင် ဂျန္နတ်သိုလ်ဗကီးအပြိုခံရသည့်နေ့အတွက်ကန့်ကွက်သည့်ထိုင်ဝိုင်းကျင်းပ ခဲ့ပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာ၊အဗ်နာ ။ ။ ဤထိုင်ဝိုင်း အား ဂျန္နတ်သိုလ် ဗကီး ရှိ ပြစ်မဲ့ အေမာမ်များ (အ.စ) ရောင်ဇာ တော်များ ကို အာလေ စအူးဒ် ပြိုဖျက်ခဲ့သည် နှစ်ပတ်လည် နေ့ အချိန်အခါ နှင့်အညီ အကျော်အမော် ဘာသာအတွေးအခေါ် ပညာရှင်များ ၊အိုလမာ နှင့် မြောက်များစွာ သော ရှီအာ များ တက်ရောက် ပြီး ကျင်းပ ခဲ့ပါသည်။ဤထိုင်ဝိုင်းအား ဒေသစံတော်ချိန် ညနေခင်း ၄ နာရီတွင် ကျင်းပခဲ့ပြီးကျမ်းတော်မြတ် ကုရ်အာန် ၏ အာယတ်တော် အချို့ အား ဖတ်ရွတ်မှု ဖြင့် စတင်ခဲ့ပါသည်။ဤ ထိုင်ဝိုင်း အပြီး အမေရိကန် နှင့် အစ္စရေးတို့၏ ရာဇဝတ်ပြစ်မှု များ ကို ရှုံ့ချသည့် ထိုင်ဝိုင်း အခြား တစ်ခု အား ဆက်လက် ကျင်းပ မည် ဖြစ်ပါသည်။မှတ်သားစရာ အချက်မှာ -ဂျန္နတ်သိုလ် ဗကီး ရှိ ပြစ်မဲ့ အေမာမ်များ (အ.စ) ရောင်ဇာ တော်များ နှင့် မဟာတမန်တော် မြတ် ကြီး (ဆွ) ၏ ဦးရီတော် ဟဇရတ် ဟမ်ဇာ (ရ.သွေ)၏ ရောင်ဇာတော် ဟီဂျရီ သက္ကရာဇ် ၁၃၀၅ ခုနှစ်တွင် ဝဟာဘီများ ၏ လက်ချက်ဖြင့် အပြိုအဖျက်ခံခဲ့ရပါသည်။ပြီးနောက် ဝဟာဘီများအနေဖြင့် ဟဇရတ်ဖွာတေမာဗင်သေ အစတ်ဒ် (အ.စ) ၊ ဟဇရတ် အွန်မိုလ် ဗနီး ၊ ဟဇရတ် အီဗရာဟီးမ် ကိုယ်တော်(ဆွ) ၏ သားတော် ၊ ဟဇရတ် အီစ္စမ အီးလ် အေမာမ်ဂျအ်ဖရ် ဆွာဒစ်(အ.စ) ၏ သားတော် ၊ ဟဇရတ် ဟလီမေစအ်ဒီယေ ကိုယ်တော် (ဆွ)၏နို့ထိန်းတော်၊တမန်တော်မြတ်ကြီး(ဆွ) လက်ထက်က ရှဟီးဒ်တော် များ တို့ ဂူဗိမာန် များ ကို လည်း ပြိုဖျက်ခဲ့ကြလေသည်။ထိုပြင် ဤဝဟာဘီများ အနေဖြင့် ဟဇရတ် အဗ်ဒွလ်မိုသွာလစ်ဗ် ၊ ဟဇရတ် ခဒီဂျာ(အ.စ) ၊ ကိုယ်တော်(ဆွ) ဖွားမြင်တော်မူခဲ့သည့် အခန်း ၊ သမီးတော် ဖွာတေမာ (စ.အ) တို့၏ ကဗရ် တော်များကို အလွတ်မပေးဘဲ ဟီဂျရီသက္ကရာဇ် ၁၃၀၄ ခုနှစ်တွင် ပြိုဖျက်ခဲ့ကြပါသည်။ဂျစ်ဒ်ဒါမြို့ရှိ လူသားများအားလုံး ၏ မယ်တော် ဟဇရတ် ဟဝါသခင်မ၏ဂူဗိမာန်ကိုလည်းပြိုဖျက်ခဲ့ကြလေသည်။