၂၇ ဩဂုတ် ၂၀၁၂ - ၁၉:၃၀

အီဂျစ်နိုင်ငံ၏ဂျမာအတ်သေအေခ်ဝန်နိုလ်မွတ်စလင်မီးကိုယ်စားလှယ်အနေဖြင့် မိမိနိုင်ငံအနေဖြင့်ပြည်ထောင်စုအစ္စလာမ်မစ်အီရန်နိုင်ငံ၏ရှေ့တန်းစစ်မျက်နှာတွင် လာရောက်ပြီးဆိုက်ယူနစ်အစိုးရ၏ရန်သူအဖြင့်ခံယူသင့်ကြောင်းတိုက်တွန်းပြောကြား ခဲ့ပါသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန၊အဗ်နာ ။ ။ အီဂျစ်နိုင်ငံ၏ ဘာသာရေး အဖွဲ့အစည်း ဖြစ်သည့် ဂျမာအတ်  သေအေခ် ဝန်နိုလ် မွတ်စလင်မီး ကိုယ်စားလှယ် အဗ်ဒွလ် မန်(န)အအ်မ် အဗ်ဒွလ်မက်စူဒ် အနေဖြင့် သမ္မတ မိုဟမ္မဒ် မိုရ်စီ အီရန်နိုင်ငံ သို့သွားရောက် ပြီး အစည်းအဝေးတက်ရောက်မှု နှင့် စပ်လျဉ်းပြီး ပြောကြား သည်မှာ-  ဤတက်ရောက်မှု အား အီဂျစ် သမ္မတဖက်မှ ရွေးချယ်ခြင်း သည် အနီးအနားရှိ မွတ်စလင်နိုင်ငံများ အာရပ်နိုင်ငံများ နှင့် ဆက်သွယ်ရေး ပြုနိုင်ရန် အတွက် ကြိုးစားမှုများမှ အပိုင်း တပိုင်း ဖြစ်ပါသည်။ ဆက်လက်ပြီး ပြောကြားသည်မှာ - အီရန် နိုင်ငံ သည် အစ္စလာမ် ဘာသာဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါသည်။ ဆိုက်ယူနစ်နှင့် သူတပါး မြေ မတရားသိမ်းပိုက်သည့်ရဟူဒီ အစိုးရ ၏ ရန်သူ နိုင်ငံ ဖြစ်ပါသည်။ထို့အတွက်ကြောင့် အီဂျစ်နိုင်ငံအနေဖြင့် လည်း အီရန်နိုင်ငံ၏ရှေ့တန်းစစ် မျက်နှာတွင် လာရောက်ပြီးနေရာ ယူသင့်ပေသည်။၎င်းအနေဖြင့် သတင်းထောက်၏ အမေးအဖြေ တွင်ပြောကြားသည်မှာ -အီဂျစ်နိုင်ငံ အနေဖြင့် အီရန် နီုင်ငံ နှင့် ဆက်သွယ် မှုပြုသည့် အတွက် ၊ ပါရှန်းပယ်လယ်အော် တစ်လျောက်ရှိ နိုင်ငံများ ၏အာဏာ ပိုင်များ နှင့် ဆက်ဆံမှုတွင်မည်သည်မကောင်းသည့်မကျိုး သက်ရောက်မှု နှင့်မျှ  ရင်ဆိုင်ရမည်မဟုတ် ဟုပြောကြားခဲ့ပါသည်။