၂၇ ဩဂုတ် ၂၀၁၂ - ၁၉:၃၀

ဝဟာဘီ(စလဖီ)နှင့်အမဝီအစ္စလာမ်၏လှို့ဝှက်ချက်များကိုအဖက်ဖက်မှတိကျတိမိသည့်ဖော်ပြနိုင် သည်အရည်အချင်းရှင်ပိုင်ရှင်ဟဇရတ်အာယာသွလ်လ္လာဟ်ဆရက်ကမါလ်လွလ်ဟိုင်ဒဲရ်ရီ၏ ပညာစွမ်းရည်ကြောင့်ဝဟာဘီအာဏာပိုင်များမှ၎င်းအားအဖြေပေးနိုင်သူများအတွက်ခုငွေ ထုတ်ပြန်ကြေငြာထားပါသည်။

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန၊အဗ်နာ ။ ။ ဟဇရတ်အာယာသွလ်လ္လာဟ်ဆရက်ကမါလ်လွလ်ဟိုင်ဒဲရ်ရီ သည် ရှီအာမရ်ဂျာတစ်ပါး ၊အကျော် အမော် သာသနာ့ပညာရှင် တစ်ပါး ၊ဟောင်ဇေအေလ်မီယေ အနှိုင်းမဲ့ ဆရာတစ်ပါး ဖြစ်ပါ သည်။အီရတ် နိုင်ငံတွင် မွေးဖွားခဲ့ပြီး ၊ဟဇရတ်အာယာသွလ်လ္လာဟ် အလ်အွဇ်မာ ဆရက် ဘကေရ် စဒ်ရ် ၏တပည့် ဖြစ်ပြီး လက်ရှိအချိန်တွင်ပြည်ထောင်စုအစ္စလာမ်မစ်အီရန်နိုင်ငံတွင်နေထိုင်နေ ပါသည်။ဖေက်အီ ၊ ဖလ်စဖေ ၊အူစူလီ ၊ အေရ်ဖာနီ ၊ အက်ခ်လာဒ်၊ သဖ်စီး ၊ သရီးခ် ခေါင်းစဉ်များ အပေါ် ပိုင်နိုင် ကျွမ်းကျင် ပြီး ကလောင်စွမ်းရည်နှင့်တစ်ကွ အဟ်လေ့စွန္နတ် တို့၏အကိုးအကား ကျမ်းများ ကို အပြည့်အဝ သိရှိနားလည် ပါသည်။အင်မတန် ကောင်းမြတ်သည့် ဥာဏ်အရည်အချင်း နှင့် မှတ်သားဥာဏ် အာဂုံဆောင်အားရှိနေ သဖြင့် အစ္စလာမ်ကမ္ဘာ့တွင် လူသိရှင်ကြား အကျော်အမော် အရေးပါသည့် ပုဂ္ဂိုလ် တစ်ဦး စာရင်း ဝင်ခဲ့ရလေသည်။မကြာသေးမည် ၎င်းအနေဖြင့် စလောင်းလိုင်း တွင်လာပြီး စစ်မှန်သည့်တမန်တော်မြတ်ကြီး (ဆွ)၏ အစ္စလာမ် ၊ ရှီအာ မဇ်ဟဗ်ကို ပညာဖြင့် ကာကွယ်ခဲ့ပေသည်။ အမာဝီ အစ္စလာမ်အား အပီအပြင် ရင်ဆိုင် ယှဉ်ပြိုင် ခဲ့ပေသည်။၎င်း၏ တရားများ၊ အဖြေပေးမှုများ ၏ ပဲတင်သံ ကို အာရပ်လောကတွင်အထူးသဖြင့် ကြားရပါ  သည်။ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် ပိုင် အာရဘီလိုင်းအလ်ကောင်စဲရ်တွင်ဟဇရတ်အာ ယာသွလ်လ္လာဟ်ဆရက်ကမါလ်လွလ်ဟိုင်ဒဲရ်ရီ ၏ အစီအစဉ်နှစ် ဖြစ်သည့်   "مطارحات فی العقیدة" နှင့် "الاطروحة المهدویة"တို့သည်ကမ္ဘာ့လူကြည့် အများဆုံး အစီအစဉ် ဖြစ်ပေသည်။ အာယာသွလ်၏ အခြားအစီအစဉ် များလည်းတခြား စလောင်းလိုင်းများတွင် ရှိပေသည်။သို့သော် အထက်ဖော်ပြပါ အစီအစဉ် နှစ်ခုလောက် လူကြည့်မများချေ။ဝဟာဘီ(စလဖီ)နှင့်အမဝီအစ္စလာမ်၏လှို့ဝှက်ချက်များကိုအဖက်ဖက်မှတိကျတိမိသည့်ဖော်  ပြနိုင်သည်အရည်အချင်းရှင်ပိုင်ရှင်ဟဇရတ်အာယာသွလ်လ္လာဟ်ဆရက်ကမါလ်ဟိုင်ဒဲရ်ရီ ၏ပညာစွမ်းရည်ကြောင့်ဆော်ဒီရှိ မက္ကအ်ကျောင်းတော်နှင့်  ရောင်ဇာရေရစူလ်(ဆွ) ၊ မဟ်ဂျစ်ဒ် နဗဝီအားလောလောဆယ်ကြီးစိုးနေသည့်ဝဟာဘီအာဏာပိုင်များမှ၎င်းအားအဖြေပေးနိုင်သူ များအတွက်ခုငွေ ထုတ်ပြန်ကြေငြာထားပါသည်။အာရပ်နိုငံများ မှ ဖုန်းများဖြင့် အာယာသွဘ်အား ဆက်သွယ်ပြီး စကား အခြေအတင်ဆိုကြ  လေ သည်။သို့သော် ၎င်း၏ရှေ့ဝယ် မတိုးနိုင်ကြချေ။ အကြောင်းအာယာသွလ်လ္လာဟ် သိရှိနား လည်မှုများ ပြည့်ဝပြီး ၊ အဖြေများမှာ တိကျပြီး အထောက်အထား ခိုင်လုံပြီး ၊လော်ဂျစ်ရသည့် အတွက် ဖြစ်ပါသည်။ထိုပြင်ရှီအာ ဆန်ကျင့်ဖက်များ ၏အကီဒါ ယုံကြည်မှုများ ကို ၎င်းတို့၏ ကျမ်းဂန်များဖြင့် ထုတ်ပြ သည့်အတွက်ကြောင့် ဖြစ်ပေသည်။ယခုအခါ ဆော်ဒီ နိုင်ငံမှအာယာသွလ်လ္လာဟ်အားအထောက်အထားခိုင်ခိုင်လုံလုံဖြင့်အဖြေပေး  နိုင်သူအား ဆော်ဒီ ရေယာ ၁၀ သိန်း ဆုအဖြင့် ချီးမြှင့်ရန် ကြေငြာထားပေသည်။အမှန်တရားကို ပြောရမည့် ဆိုလျှင်ဝဟာဘီများ စလဖီများသည် ရှီအာများကို အသေခံ တိုက်ခိုက်သတ်ဖြတ်ဖို့ ၊ လုပ်ကြံဖို့ ၊  ပြန်ပြေးဆွဲဖို့ လူများ ရသော်လည်း ပညာဖြင့် အခိုင်အလုံ ရှီအာအာလင်မ် ကို ရေငုံနှုတ် ပိတ် ဖြစ်စေဖို့ ၊ယှဉ်ဖို့  တစ်ယောက်ပင်မရချေ။အာယာသွလ်လ္လာဟ်အား ယှဉ်နိုင်သူ ကိုဆုငွေ  ရေယာ ၁၀ သိန်း ပေးမည်ဟု ကြေငြာထားသည့် ဆိုင်းဘုတ်များ