အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာအချို့သောပုဂ္ဂိုလ်များသည် ရှီအာနှင့်အတူ အီရန်ကို ရှုပ်ထွေးစေခြင်းဖြင့် ဒုက္ခဖြစ်နေကြသည်။ ထိုသူတို့မှ ရှီအာ သည် ပါရှန်လူမျိုးများ ဖြစ်၍ အာရဗ်များကို မုန်းတီးကြသည်။ထို့အတွက်ကြောင့် အွမ္မရ်နှင့် အခြားသော ဆဟာ ဘာများကို ဆန့်ကျင်မှုများပြုလုပ်သည်ဟူ၍ သွယ်ဝိုက်ညွှန်းဆိုကြသည်။အီရန်သည် နိုင်ငံဖြစ်၍ ရှီအာသည် ယုံကြည်မှု(မဇ်ဟဘ်)ဖြစ်သည်။ ထိုခေါင်းစီးနှစ်ခုမှာ လုံးဝကွဲပြားသည်။ လူပေါင်းများစွာသည် ရှီအာများဖြစ်သော်လည်း အီရန်နိုင်ငံသားများမဟုတ်ကြပါ။ ထိုရှီအာများသည် အီရတ်၊ ဟီဂျဇ်၊ ဆီးရီးယား၊လဘ်နွန်တွင် ရှိကြသလို ထိုသူများအားလုံးသည် အာရဗ်များဖြစ်ကြသည်။ ထိုကဲ့သို့ပင် ပါကစ္စတန်၊ အိန္ဒိယ၊ အမေရိက၊ အာဖရိကရှိ ရှီအာများ၊ ထိုသူများသည် အာရဗ်များမဟုတ်သလို ပါရှန်များ လည်း မဟုတ်ကြပါ။ထိုထက်ပို၍ ပြောရမည်ဆိုလျှင် ရှီအာတို့၏ (၁၂)ပါးအေမာမ်သည် အာရဗ်မှဖြစ်၍ ကိုရိုက်ရှ်မျိုးနွယ်နှင့် ဘနီဟာရှင်မ်မျိုးနွယ်မှ ဖြစ်သည်။ အကယ်၍ ပါရှန်လူမျိုးများအနေဖြင့် တစ်ဖက်သတ်အယူစွဲဖြင့် အာရဗ်ကို မုန်း တီးမည်ဆိုလျှင် အချို့လူများမှ စလ်မာန်း အလ်-ဖာရ်စီကို မိမိတို့၏ အေမာမ်အဖြစ် အခိုင်အမာဆိုပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စလ်မာန်း အလ်-ဖာရ်စီသည် ရှီအာနှင့် စွန္နီမဇ်ဟဘ်နှစ်ခုလုံးမှ လေးစားရသော တမန်တော်မြတ်(ဆွ) ဆဟာဘာကောင်းတစ်ဦး ဖြစ်သောကြောင့်ပင် ဖြစ်သည်။အခြားတစ်ဖက်တွင် စွန္နီတို့၏ အေမာမ်များအဖြစ် လက်ခံသူများသည် ပါရှန်လူမျိုးများ ဖြစ်သည်။ (ဥပမာ- အဘူ ဟနီဖာ၊ အလ်နီစာအိ၊ အလ်-သိရ်မီဇီ၊ အလ်-ဘူခါရီ၊ မွစ်လင်မ်၊ အိဘ်နေမဂျဟ်၊ အလ်-ဂါဇာလီ၊ အိဘ်နေစီနာ၊ အလ်-ဖရာဘီ အစရှိသည်..)အကယ်၍ ရှီအာများသည် ပါရှန်လူမျိုးများဖြစ်လျှင် အွမ္မရ်ကို ငြင်းပယ်မည်မှာ အမှန်ပင် ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ပါရှန်တို့၏ အင်အားကို ပျက်စီးစေခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ ရှီအာများသည် ပါရှန် များမဟုတ်လျှင် အာရဗ်တို့အား ငြင်းပယ်ခြင်းနှင့် ပတ်သက်၍ မည်သို့ ရှင်းပြရမည်နည်း? ထိုအချက်မှာ ယုတ္တိ မတန်သော ထင်မြင်ပြောဆိုချက်ဖြစ်သည်။ ရှီအာတို့မှာ တမန်တော်မြတ်(ဆွ) ကွယ်လွန်ပြီးနောက်တွင် ဦး ဆောင်သူအဖြစ် အလီ(အ.စ)အား ပယ်ထားခြင်းကြောင့် အွမ္မရ်အား လက်မခံခြင်းဖြစ်သည်။ရှီအာသည် မည်သည့်လူမျိုးမှ ဖြစ်စေကာမူ လုပ်ဆောင်ချက်တစ်ခုမှာ ကျမ်းတော်မြတ်ကွရ်အာန်နှင့် တမန်တော် မြတ်(ဆွ)၏ စွန္နတ်တော်များနှင့် တမန်တော်မြတ်(ဆွ) အိမ်တော်သူအိမ်တော်သားများ၏ မိန့်ဆိုချက်များကို သာ လိုက်နာပြီး ထိုအရာများအား ဆန့်ကျင်ဘက်ဖြစ်လျှင် လက်ခံခြင်းမရှိ၊ ထိုသို့ လက်ခံခြင်း မပြုခဲ့သည်မှာ အွမ္မဒ်ယဒ်မင်းဆက်နှင့် အဘာစိဒ်မင်းဆက်တို့၏ ဖိနှိပ်မှုကို ခံခဲ့ရသည့်အချိန်တွင်ပါ ဖြစ်သည်။ ထိုမင်းဆက် များ၏ အချိန်က နေရာတိုင်းတွင် ရှီအာများကို ရှာဖွေ၍ သတ်ဖြတ်ခဲ့ကြသည်။ ရှီအာများ၏ နေရာတွင် အစား ထိုးဝင်ရောက်၍ မှန်ကန်သော လုပ်ဆောင်ချက်များ၊ ဓလေ့ထုံးတမ်းများကို ဖျက်ဆီးခဲ့သည်။ ထိုသို့ လုပ်ဆောင် သော ထိုမင်းဆိုးမင်းညစ်တို့၏ ၀ါဒီမှာ ယခုချိန်တိုင် ရှင်သန်ဆဲ ဖြစ်သည်။(ပြန်လည်ထွက်ပေါ်လာသော အွမ်မေယဒ်မင်းဆိုးမင်းညစ် ဆက်ခံသူ) ၀ဟာဘီတစ်ဦးမှ ဖော်ပြခဲ့သည်မှာ“သမိုင်းဆိုင်ရာမှတ်တမ်းများမှ ပြသနေသည်မှာ အီရန်၏ သရုပ်အမှန်သည် အစ္စလာမ့်သမိုင်းတွင် အလွန် ရှုပ်ထွေးစေခဲ့သော ဒုစရိုက်လောကကြီး ဖြစ်ခဲ့သည်။ ခုရာမိယဟ်၊ ခ၀ါရိဂ်ျ၊ ဟရှ်ရှာရှီးန်၊ ကရာမီသဟ်နှင့် အခြား သော ဖောက်ပြန်သောအုပ်စုတိုင်းသည် ၁၂ပါးအေမာမ်ကို ဦးချသူများတွင် ပါဝင်သည်။ထိုအဓိပါယ်မဲ့မှုအပေါ် ရှင်းလင်းစွာ ဖော်ပြပါမည်။ ခ၀ါရိဂ်ျသည် အီရတ်မှ ဖြစ်သည်။ ကရာမီသဟ်၏ ခေါင်း ဆောင် ဟမ်ဒန်ကရ်မသ်သည် ကူဖွာမှဖြစ်သည်။ အချို့သော ကရာမီသဟ်များသည် ယီမန်မှဖြစ်သည်။ (၁၂)ပါး အေမာမ်ကို ဦးချသည်ဟူသော အုပ်စုဟူ၍မရှိ။www.al-islam.org/encyclopedia မှ Shia Vs Iran ကို အနည်းငယ် ပြန်ဆိုပါသည်။