၁ စက်တင်ဘာ ၂၀၁၂ - ၁၉:၃၀

ပါကစ္စတန်သမ္မတအာစေဖ်အလီဇရ်ဒါရီသည်မနေ့ကညနေပိုင်းတွင်အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင်ကြီး ဟဇရတ်အာယာသွလ်လ္လာဟ်ခါမေနာအီနှင့်တွေ့ဆုံပြီးအရေးကြီးကဏ္ဍများကိုပြောဆိုဆွေးနွေးခဲ့ကြပါသည်။

  အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ ပါကစ္စတန်သမ္မတ အာစေဖ်အလီဇရ်ဒါရီ သည်မနေ့ကညနေပိုင်း တွင် (၁၆)ကြိမ်မြောက်အဖွဲ့ဝင်မဟုတ်သူများ၏ထိပ်သီးအစည်းအဝေးပွဲတော်ဒုတိယရက်အပြီး အေမာမ်ခိုမေနီ(ရ.ဟ) အေမာမ်ဘာရာတွင်အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင်ကြီးဟဇရတ်အာယာသွလ်လ္လာဟ်အလ်အွဇ်မာ ခါမေနာအီနှင့်တွေ့ဆုံပြီးအရေးကြီးကဏ္ဍများကိုပြောဆိုဆွေးနွေးခဲ့ကြပါသည်။ရဟ်ဗဲရ် အနေဖြင့် ဒေသရှိ လူမျိုးစုများ အပေါ် အနောင်တိုင်း မှ သောင်းကြမ်းမှုများကို လွမ်းမိုး စေခဲ့ပြီး ၊အဖန်ဆင်းခံများအတွက် ဒုက္ခ၊သောက ကို ဖြစ်စေကြောင်း၊ အမေရိကန် နှင့်အခြား အနောက်တိုင်းအင်အားကြီးနိုင်ငံများသည် မည်သည့်နေရာ ဘဲ ခြေချ၊ခြေချ၊မကောင်းမှု နှင့် ပြဿနာ ကို စတင်ဖန်တီးကြောင်း ၊မတည်ငြိမ် ၊မအေးချမ်းမှု ကို လက်ဆောင်အဖြင့်သယ်လာကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး သောင်းကြမ်းမှုကို နှိင်နင်းတိုက်ထုတ်ရန် အစ္စလာမ်မီ နိုင်ငံများ အကြား နီးကပ်မှုရှိရန်၊လက်ရှိတီဟီရန်တွင်စည်းဝေးနေသည့်အဖွဲ့ဝင်မဟုတ်သူများအဖွဲ့၏လှုပ်ရှားမှုများမှ ဖြစ်နိုင်ခြေများကိုအသုံးပြုရန် အရေးကြီးကြောင်း၊ တိုက်တွန်း ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ကျွန်ုပ်တို့အနေဖြင့်အင်အားကြီးနိုင်ငံများ၏အနိုင်ကျင့်ဗိုလ်ကျမှု၊၎င်းတို့ရေးဆွဲထားသည့်စည်းမျဉ်းများအရှေ့ ဒူးမထောက်ဘဲ ကြံ့ကြံ့ခိုင်ရပ်တည် ဖို့ စသည်ဖြင့် အဖိုးတန် သကားများ ကို မိန့်ချွေခဲ့ပါသည်။ပါကစ္စတန်သမ္မတအာစေဖ်အလီဇရ်ဒါရီအနေဖြင့်လည်း(၁၆)ကြိမ်မြောက်အဖွဲ့ဝင်မဟုတ်သူ များ၏ထိပ်သီးအစည်းအဝေးပွဲတော်၏အောင်မြင်မှုအတွက်အီရန်နိုင်ငံအားဂုဏ်ပေးကြောင်း၊ဤအစည်းအဝေးပွဲတော် မှ ကမ္ဘာ ကို မိမိတို့ ပြဿနာအျား၊ကိစ္စများကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည့် ဆိုသည့် သင်ခန်းစားကို ပေးခဲ့ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။