အေမာမ်အလီ(အ.စ)ကို ချစ်မြတ်နိုးကြသူများသည် ဟဂ်ျနှင့် အွမ္မရာ သွားရောက် ချိန်တိုင်းတွင် ကအ်ဘာကျောင်းတော် အတွင်း အေမာမ်အလီ(အ.စ) မွေးဖွားခဲ့ခြင်းကို အမြဲသတိရ၍ ကအ်ဘာကျောင်းတော်ကို သ၀ါးဖ်လှည့်လည်စဉ်တွင် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်နှင့် အေမာမ် အလီ(အ.စ)တို့၏ ဆက်နွယ်မှုအပေါ် ဂုဏ်ယူဝမ်းမြောက် မှုနှင့်အ တူ ပျော် ရွှင်ကြ သည်။ သ၀ါးဖ် လှည့်လည်စဉ် အကြိမ်တိုင်းတွင်လည်း အေမာမ်အလီ(အ.စ)၏ မိခင်ဖြစ်သူ ဖှာတေမာ ဘင်သေအစဒ် သခင်မကြီး ၀င်ရောက်သွားခဲ့သော ကအ်ဘာကျောင်းတော်၏ နံရံမှ ကွဲအက်ကြောင်း ကို ကြည့်ရှုကြ သည်။ ထိုနေရာသည် “မွစ်တဂျရ်” ဟုကျော်ကြားပြီး "ထိုနေရာသည် အထူးသီးသန့် ဓလေ့တစ်ခုအဖြစ် အကြံပြု ထောက် ခံထားသည်။"မိမိတို့၏ ခန္ဒာတစ်ခုလုံးကို ကအ်ဘာကျောင်းတော်၏ နံရံတွင် ကပ်၍ မိမိ၏ လက်များကို ဖြန့်ကာ မိမိတို့၏ အခက်အခဲ များ ပြေလည်မှု ရရှိစေရန်နှင့် မှန်ကန်သော လိုအင်ဆန္ဒများအတွက် အလ္လာဟ်အရှင်မြတ် ထံမှ တောင်းခံ သင့်ပေ သည်။ အောက်ပါ ဒုအာကို ဖတ်ရွတ်သင့်ပေသည်။“ ယာအလ္လာဟ်! ဤအိမ်တော်သည် အရှင်မြတ်၏ အိမ်တော်ဖြစ်ပြီး ဤသူသည် အသင်၏ အစေခံဖြစ် ကာ ဤနေရာ (မွစ်တဂျရ်)သည် အပြစ်အားလုံးကို ခွင့်လွှတ်မှု ရရှိစေပြီး ဂျဟန္နမ်ငရဲမီးမှ လုံခြုံစေ သော နေရာ ဖြစ်ပါသည်။”နှစ်စဉ် ရဂျဘ်လ(၁၃)ရက် ရောက်ရှိချိန်တိုင်း ကအ်ဘာကျောင်းတော်တွင် အသစ်တစ်ဖန် ကွဲအက် ကြောင်းကို လူ တိုင်း တွေ့မြင်ရသည်။ ဆော်ဒီအစိုးရမှ ရာစုနှစ်ပေါင်းများစွာ ထိုအဖြစ်ကို ဖုံးကွယ်နိုင်ရန် ကြိုးစားခဲ့သော် လည်း အောင်မြင် ခဲ့ခြင်း မရှိခဲ့ပါ။