အေမာမ်အလီ(အ.စ)၏ မျိုးရိုးသမိုင်းတမန်တော် အီဘရာဟင်မ်(အ.စ)၏ မျိုးဆက်များထဲမှ ကူရိုက်ရှ်မျိုးနွယ်ဝင် ဖြစ်သည်။ အမီရွလ်မို့အ် မေနီးန် အလီဘင်န် အဘီတွာလိဘ်(အ.စ)သည် တမန်တော်မြတ်မုဟမ္မဒ် မွစ်တဖှာ (ဆွ)၏ ၀မ်းကွဲ ညီတော်လည်း ဖြစ် သည်။ အေမာမ်အလီ (အ.စ)၏ ဖခင် အဘူတွာလိဘ် အိဘ်နေ အဘ်ဒွလ်မွတ်လိဘ် နှင့် တမန်တော်မြတ်(ဆွ)၏ ဖခင် အဘ်ဒွလ္လာဟ် အိဘ်နေ အဘ်ဒွလ်မွတ်လိဘ်တို့သည် ညီအကိုများ ဖြစ်ပြီး အဘ်ဒွလ်မွတ်လိဘ်အိဘ်နေဟာရှင်မ် ၏ သားများ ဖြစ်သည်။အေမာမ်အလီ(အ.စ)၏ အမည် (နာမတော်)အေမာမ်အလီ(အ.စ) ဖွားမြင်ပြီးချိန်တွင် ဖခင်ဖြစ်သူ အဘူတွာလိဘ် အိဘ်နေ အဘ်ဒွလ် မွတ္တလိဘ် နှင့် ၀မ်းကွဲ အ ကို တော် စပ်သူ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)တို့သည် မက္ကာမြို့နှင့် အဝေးသို့ ရောက်ရှိ နေသောကြောင့် မိခင်ဖြစ်သူ ဖှာတေမာဘင်န်သေအစဒ် (အ.စ)မှ သားဖြစ်သူကို အစဒ် နှင့် ဟိုင်ဒရ် ဟူသော အမည်များကို ပေးခဲ့သည်။ ဖခင်ဖြစ်သူ မက္ကာသို့ ပြန်လည်ရောက်ရှိလာသောအခါ သားဖြစ်သူကို ဇိုင်းဒ် ဟု အမည်ပေးခဲ့သည်။ သို့သော် တမန်တော်မြတ် (ဆွ) ရောက်ရှိလာသောအခါ အလီ ဟူသော အမည်ကို ပေးခဲ့သည်။ ထိုအမည်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့် တော် အရ ပေးခြင်းဖြစ်ကြောင်း တမန်တော်မြတ်(ဆွ)မှ ပြောကြားခဲ့သည်။အေမာမ်အလီ(အ.စ)၏ ကွန္နီယသ်မြောက်များစွာသော ကွန္နီယသ်များတွင် အကျော်ကြားဆုံးသော ကွန္နီယသ်များမှာ အဘွလ်ဟစန်၊ အဘွလ် ဟိုစိန်၊ အ ဘွလ် စိဘ်သိုင်းန်တို့ဖြစ်သည်။ ကွန္နီယသ်သည် မိဘဖြစ်ကြောင်းကို အစွဲပြု ခေါ်ဝေါ်ခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက် ၏ အမည်ကို ခေါ်ဆိုမည်ဆိုလျှင်  (မည်သူ မည်သူ၏ ဖခင် (သို့) မည်သူ မည်သူ၏ မိခင်)ဖြင့် ခေါ်ဆိုခြင်း (သို့) …အေမာမ်အလီ(အ.စ)၏ လကဘ်များလကဘ်ပေါင်းများစွာမှ ကျော်ကြားသော လကဘ်များမှာ၁။ အလ် မွရ်တဇာ         - အလ္လာဟ်အရှင်မြတ်မှ ရွေးချယ်သူ၂။ အမီးရွလ်မို့အ်မေနီးန်     - သစ္စာခံအပေါင်း၏ ခေါင်းဆောင်၃။ အေမာမွလ် မွတ္တကီး    -အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေသူများနှင့် ဘာသာတရား ကိုင်းရှိုင်း သူ တို့ ၏ ရှေ့ဆောင်၎။ မဇ်ဟရွလ်အဂျာအိဘ်    - အံ့သြဖွယ်ရာများကို ထင်ရှားစေသူ၅။ မဒီနသွလ်အိလ်မ်        - ဥာဏ်ပညာမြို့တော်၏ တံခါးဝ(၀င်ပေါက်)၆။ ဆိုင်ယိဒ်ဒွလ်အောဝ်ဆီယာ    - တမန်တော်မြတ်(ဆွ)၏ ကိုယ်စားလှယ်အပေါင်း၏ ခေါင်းဆောင်၇။ အေမာမွလ်အောဝ်လီယာ    - သူတော်စင်အပေါင်း၏ ရှေ့ဆောင်၈။ အဆဒွလ္လာဟ်ဟွလ်ဂလဘ်    - ကျဆုံးခြင်းမရှိသော အမြဲ အောင်ပွဲခံ အလ္လာဟ်အရှင်မြတ်၏ ခြင်္သေ့၉။ လီဆာနွလ္လာဟ်        - အလ္လာဟ်အရှင်မြတ်၏ လျှာတော်၁၀။ ယဒွလ္လာဟ်        -အလ္လာဟ်အရှင်မြတ်၏ လက်တော်၁၁။ ၀ဂ်ျဟွလ္လာဟ်        -အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော်၁၂။ နဖ်စေ ရစူလွလ္လာဟ်    - တမန်တော်မြတ်(ဆွ)၏ ရူဟ်တော်၁၃။ ၀လီယွလ္လာဟ်        - အလ္လာဟ်အရှင်မြတ်၏ မိတ်ဆွေ၁၄။ ဆီဒ်ဒီးကွလ်အက်ဘရ်    - ရိုးသားဖြောင့်မတ်မှု အမြင့်မားဆုံးသောသူ၁၅။ ဖရူကွလ် အအ်ဇမ်        - အမှန်နှင့် အမှားကို အကောင်းဆုံး ဝေဖန်ပိုင်းခြားပေးနိုင်သူ၁၆။ အဘူသိုရာဘ်        -မြေကြီး၏ ဖခင်၁၇။ ဖသ်သာအေခိုင်ဘရ်    - ခိုင်ဘရ်ကို အောင်နိုင်သူ၁၈။ အဘွလ်အအင်မ္မာ        -အေမာမ်အပေါင်း၏ ဖခင်၁၉။ အခူ ရစူလွလ္လာဟ်        -တမန်တော်မြတ်(ဆွ)၏ ညီနောင်တော်၂၀။ အဘွလ် အီသမ်        - မိဘမဲ့များနှင့် အကူအညီမဲ့သူအပေါင်း၏ ဖခင်၂၁။ ဟိုင်ဒရ်ရေကရ်ရားရ်    - မာန်အပြည့်နှင့် ခြင်္သေ့၂၂။ ဆဖ်ဒရ်            - တိုက်ခိုက်ရေးသမားတို့ဖြစ်ပါသည်။