အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ သန့်စင်စေရန် ပြုလုပ်ပေးသည့် အရာများ။ နဂျိ(စ်)ဖြစ်နေသော အရာသည်မည်ကဲ့သို့သန့်စင်နိုင်သနည်း။နဂျိ(စ်)ဖြစ်နေသောအရာအားလုံးကို သန့်စင်မှုပြုလုပ်နိုင်သည့်အရာများမှာအောက်ပါအတိုင်း ဖြစ်ကြသည်။(၁) ရေ။ (၂) မြေကြီး။(၃) နေ။(၄) ဓါတ်၊ သဘာဝ ပြောင်းလဲသွားခြင်း။ ‘إِسْتِحَالَة’(၅) ကူးပြောင်းသွားခြင်း။ ‘إِنْتِقَال’(၆) အစ္စလာမ်။(၇) ‘تبعيت’ခေါ် သန့်စင်မှု ပြုချိန်တွင် အတူတကွ ရှိနေ ခြင်း ကြောင့် သန့်ရှင်းသွားခြင်း။(၈) နဂျိ(စ်) ကင်းစင် ပပျောက်သွားခြင်း။(၉) နဂျိ(စ်)စားသုံးထားသော ဟလာ(လ်)တိရစာန်အား နဂျိ (စ်)စားခြင်း မှ စောင့်ကြပ် တားမြစ်ထားခြင်း။(၁ဝ) မွစ္စလင်(မ်) ပျောက်ကွယ်သွားခြင်း။ ရေ။ ရေသည် များပြားသော အရာများအား သန့်စင်မှု ပြုနိုင်လေသည်။ ထို့ပြင် ရေအမျိုးအစား များစွာလည်း ရှိ နေသည်။ ဥပဒေသများကို ပို၍ကောင်း မွန်စွာသင်ယူနိုင်ရန်အတွက်ထိုအမျိုးအစားများအားသိရန်လိုအပ်ပေသည်။ရေအမျိုးအစားများမှာ (၁) ‘مُضَاف’ခေါ် အရည် (ရောနှောရေ)။ (၂) مُطْلَقခေါ် ရောနှောမှု မရှိသောရေတို့ ဖြစ်သည်။ ‘مُطْلَق’ ခေါ် ရောနှောမှု မရှိသော ရေတွင် (၁)တွင်းရေ (၂)စီးဆင်းရေ (၃) မိုးရေ(၄)တည် ငြိမ်နေသောရေ၊ ရေသေ တို့ပါဝင် ပြီး များသောရေ (‘كُر’ရေ)နှင့် နည်းသော ရေ‘قَلِيْل’ ရေဟူ၍ နှစ် မျိုးနှစ်စားရှိသည်။အရည်။ ။ အရာတစ်ခုခုမှ ထုတ်ယူထားသောရေ (ဥပမာ လိမ္မော် ရည်) သို့မဟုတ် တစ်ခုခုဖြင့်ရောနှောနေသောရေကိုခေါ်သည်။တနည်းအားဖြင့် ထိုရေအားရေဟုပြော၍ မရလောက်စေရန်ရောနှောနေမည်ဆိုလျှင် (ဥပမာ-ဖျော်ရည်၊ရွှံ့၇ည်)အရည်ဟုခေါ်ဆိုသည်။ရောနှောမှုမရှိသောရေ။ ။တစ်ခုခုမှထုတ်ယူထားခြင်းဖြစ်သောသို့မဟုတ်တစ်ခုခုဖြင့်ရောနှောနေသောအရည်မဖြစ်စေရ။အထက်ပါအကြောင်းအရာအသေးစိတ်ကိုအပိုင်း(၉)တွင်ဆက်လက်ရေးသားပါမည်။ကျမ်းကိုး။ ။ အာယသုလ္လာအဲလ်အုဇ်မ(ဟ်)ဆိုင်ယိ(ဒ်)အလီဟိုစိုင်နီစီ(စ်)သာနီ ၏ "သွဟာရ(သ်)"