၄ အောက်တိုဘာ ၂၀၁၂ - ၂၀:၃၀

ဆီးရီးယားနိုင်ငံရှိသောင်းကြမ်းသူ၊အဖျက်သမားများမှဇေယာရတ်ပြုသူ အီရန်နီ၄၈ဦးအားပြန်ပြေးဆွဲခဲ့လေသည်။ပြီးနောက်အဖမ်းခံထားရသည့် မိမိတို့လူများကိုမလွတ်ပေးလျှင်နောက်၄၈နာရီအတွင်းသတ်မည်ဟုကြေငြာ ခဲ့လေသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ လက်နက်ကိုင်သူပုန်များ ၏ လက်အောက်ခံ ဆီးရီးယားနိုင်ငံရှိ သောင်းကြမ်းသူ၊ အဖျက်သမားများမှဇေယာရတ်ပြုသူအီရန်နီ၄၈ဦးအားပြန်ပြေးဆွဲခဲ့လေသည်။ပြီးနောက် ဆီးရီးယား လုံခြုံရေး တပ်မတော်မှ ဖမ်းဆီးထားသည့် အဖမ်းခံထား ရ သည့်မိမိတို့ လူများကို မလွတ်ပေးလျှင်နောက် ၄၈နာရီအတွင်း အားလုံး ကိုကြိုးပေးသတ်မည်ဟုထုတ်ဖော်ကြေငြာခဲ့လေသည်။အာရဘီဘာသာ (စီ ၊ အန် ၊အန် ) ရုပ်မြင် သံကြားလိုင်း အနေဖြင့် ဤ သတင်းနှင့်ပတ်သက်ပြီး ဆက်လက်ပြောပြ သည် မှာ - လက်နက်ကိုင်သူပုန်များ ၏ လက်အောက်ခံ ဆီးရီးယားနိုင်ငံရှိ သောင်းကြမ်းသူ၊ အဖျက်သမားများမှ ဤ သတင်း ကြေငြာချက်ကို ဗီဒီယို ခွေ ဖြင့်  Cyberspace တွင် ထုတ်လွှင့် ဖြန့်ချီခဲ့ကြောင်း ၊ စစ်အဝင် ဝတ်ထားသူ တစ်ယောက်မှ ကြေငြာခဲ့သည် ဖြစ်ကြောင်းဆိုခဲ့လေ သည်။ ဤစစ်ဝတ် ဝတ်ထားသူ မှာ  ဗိုလ်မှူး အလ်ဗရ ဖြစ်ပြီး ( အမေရိကန် ဂူဂဲ ကုမ္ပဏီ ) ၏ you.tube ဆိုက် တွင် ရှပ်ရှင် အဖြင့် ထုတ်လွှင့် ဖြန့်ချီ ခဲ့ပါသည်။၎င်း အနေဖြင့် ကြွေးကြော် ပြောခဲ့သည် မှာ - အီရန်အစ္စလာမ်တော်လှန်ရေး အသေခံတပ် မှ တပ်သားအချို့ ဖမ်းထား ကြောင်း အကယ်၍ အဖမ်းခံထား ရသည့် မိမိတို့လူ များ ကိုမလွတ်ပေးလျှင် ဖမ်းထားသည့် အီရန်နီ များ ကို သတ်ပစ်မည် ဟု ငြိမ်းခြောက်ထားပေသည်။ အခုအချိန် ထိဆိုလျှင် ၁၂ ကျော်သွားပြီး  ဖြစ်ပေသည်။