အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။။ လာမယ့် နှစ်ကုန်မှာ ဖိလစ်ပိုင်နိုင်ငံ အနေနဲ့ ဆန်ဖူလုံမယ် လို့ စိုက်ပျိုးရေး ၀န်ကြီးမှ အတည်ပြု ပြောကြားပြီးနောက် ၂၀၁၃ ခုနှစ်အတွက် ဆန် တင်သွင်းဖို့ လျာထားချက် ကတော့ တန်ချိန် တစ်သိန်းထိ လျာထားဆဲဖြစ်ကြောင်း သိရပါတယ်။
မနီလာ အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ကိုယ်စား လှယ်များက ပြောကြားရာမှာတော့ ထုတ်လုပ်မှုစရိတ် မြင့်မား ပြီး၊ လယ်ယာ အခြေခံအဆောက်အဦ မရှိတဲ့အတွက် နောက် နှစ် ပြည်တွင်းဆန် ဖူလုံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြော ကြားရာမှာ မကြာသေးခင်က ရေလွှမ်းမိုးမှုတွေ ရှိနေပေမဲ့ လာမယ့်နှစ်မှာ ပြည်တွင်းဆန်ဖူလုံမယ်လို့ စိုက်ပျိုးရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ယုံကြည်တယ်လို့ ဆိုပါတယ်။
မကြာသေး ခင်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ထိခိုက်တဲ့ တောင်သူ တွေကိုလည်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားတဲ့ မျိုးစေ့များ ကူညီပေးထားခဲ့တယ်လို့ ဆိုပါတယ်။ ရာသီဥတု ပြောင်းလဲမှု အပါအ၀င် အတားအဆီးများရှိခဲ့ပေမဲ့ လာမယ့် နှစ်စပါးတန်ချိန် သန်း၂၀ ခန့်ထုတ်လုပ်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
ADB စီးပွားရေးပညာရှင်မှ ဖိလစ်ပိုင်နိုင်ငံဟာ လာ မယ့်နှစ်မှာ ဆန်တန်ချိန် ၇ သိန်းခန့် တင်သွင်းရမယ်လို့ ခန့်မှန်း ထားပေမယ့် စိုက်ပျိုးရေးဌာန လက်ထောက်အတွင်းရေးမှူးမှ တကယ်လို့ ထုတ်လုပ်မှု ရည်မှန်းချက် ပြည့်မီရင်လာမယ့် နှစ် မှာ ဆန်တန်ချိန် တစ်သိန်းကို လျှော့ချ တင်သွင်းရလိမ့် မယ် လို့ဆိုပါတယ်။ ယခုနှစ်မှာ ပြည်တွင်းဆန်ဖူလုံမှု ၉၄ ရာခိုင် နှုန်းထိ ရောက်ရှိနိုင်ပြီး၊လာမယ့်နှစ်မှာ ၉၅ ရာခိုင်နှုန်း ခန့်ထိ မြင့်တက်နိုင်တယ်လို့လည်းဆိုပါတယ်။
ယခုနှစ်အတွင်း ပြည်ပ က ဆန်တင်သွင်းမှုကို အစိုးရက တန်ချိန် ၅ သိန်းထိ လျှော့ချ ခဲ့တယ်လို့ ဆိုပါတယ်။ ၎င်း မှ ဆက်လက်ပြောကြားရာမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ဆန် ထုတ်လုပ်မှုဟာ ၂၀၁၃ ခုနှစ်မှာတန်ချိန်၂၀ ဒသမ ၀၄ သန်း၊ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်မှာ တန်ချိန် ၂၂ သန်းအထိ မြင့် တက်လာမယ်လို့ဆိုပါတယ်။ ပြည်တွင်း ဆန်ဖူလုံမှုကြောင့် ၂၀၁၄ မှာအစိုးရကနောက်ထပ်ဆန်တင်သွင်းမှုပြုလုပ်ရတော့ မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။