အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ။ ။ မြန်မာ သမ္မတ ဦးသိန်းစိန်သည် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် နှင့် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင် ရွက် ရန် ဆွေးနွေး ခဲ့ရာတွင် နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှု အာမခံချက်ပေးရေး စာချုပ်ကို ညှိနှိုင်းရန်လည်း သဘောတူခဲ့သည်။

တောင်ကိုရီးယားသမ္မတရုံးမှ ထုတ်ပြန်ချက်၌ ခေါင်းဆောင်နှစ်ဦးသည် မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့ရေး သဘောတူညီချက်မူဘောင်ကို လက်မှတ်ရေးထိုးခဲ့ပြီး အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ စွမ်းအင်နှင့် ရင်းမြစ်များ ဖွံ့ဖြိုးရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် သဘောတူခဲ့သည်ဟု ဖော်ပြထားသည်။

 

ထို့အပြင် ၄င်းတို့သည် မြန်မာ၌ ဓာတ်ငွေ့ထုတ်လုပ်ရေးနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်ရန်လည်း သဘောတူခဲ့သည်။ ကိုရီးယားစီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတစ်ခုသည် ပြီးခဲ့သည့်အပတ်ကလည်း ရန်ကုန်ရှိ သာကေတမြို့နယ်တွင် ၂၀၁၅ ၌ ကီလိုဝပ် ၅၀၀,၀၀၀ ဖြန့်ဖြူးမည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ခု တည်ဆောက်ရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ မြန်မာသမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့် တနင်္လာနေ့ကမှစ၍ တောင်ကိုရီးယားသို့ သုံးရက်ကြာခရီး ထွက်လာခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်မှာ ပြီးခဲ့သည့် မေလကပင် မြန်မာသို့ လာရောက်လည်ပတ်ခဲ့ပြီးဖြစ်သည်။