အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ ဂါဇာပဋိပက္ခနှင့် ပတ်သက်၍ ကိုလိုနီ လူမိုက်အစိုးရ အစ္စ ရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟု အား ဖုန်းခေါ်ဆိုရာတွင် ကိုလိုနီ လူမိုက်အစိုးရ အစ္စရေးနိုင်ငံ၏ မိမိကိုယ်ကို ကာကွယ်ခွင့်အား  ဒီမိုကရေစီ အမည်ခံ ကမ္ဘာ့ပုလိပ်ကြီး အမေရိကန် အစိုးရက ထောက်ခံကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘား မားကထပ်မံအ တည်ပြုပြော ကြားကြောင်းသတင်းရရှိထားပါသည်။

" ကိုလိုနီ လူမိုက်အစိုးရ အစ္စရေးရဲ့ မိမိကိုယ်ကို ကာ ကွယ်ခွင့်အတွက် ဒီမိုကရေစီ အမည်ခံ ကမ္ဘာ့ပုလိပ်ကြီး အမေရိကန်ရဲ့ ထောက်ခံမှုကို သမ္မတက ထပ်မံ ပြောကြားခဲ့ကြောင်း  ပါလက်စတိုင်းပြစ်မဲ့ပြည်သူများ  နဲ့ အစ္စရေးပြည်သူတွေ အသက် ဆုံးရှုံးရတာကို ဝမ်းနည်းသည်ဟုလည်း ကမ္ဘာကိုလိမ်ပြီးပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

 

" ကိုလိုနီ လူမိုက်အစိုးရ အစ္စရေးရဲ့နှင့် ဒီမိုကရေစီ အမည်ခံ ကမ္ဘာ့ပုလိပ်ကြီး အမေရိကန်တို့သည်  လူအခွင့်အရေး ၊ဒီမိုကရေစီစသည့်ဖြင့်စကားလုံးများဖြင့် မိမိတို့၏ လူမဆန်သည့် ယုတ်မာ ပက်စက်မှုများ၊ အနှိင်ကျင့်မှုများဖြင့် ဖုံးကွယ်ပြီး အပြစ်မဲ့ပါလက်စတိုင်းပြည်သူများကို သတ်ဖြတ်ကာ၎င်းတို့၏မြေများကို မတရားသိမ်းပိုက်နေကြပေသည်။