အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန။။အဗ်နာနိုက်ဂျီးရီးယားက ၂၀၁၅ မှာ ဆန်တင်သွင်းမှုကို ပိတ်ပင်မယ်နိုက်ဂျီးရီးယားနိုင်ငံဟာအစိုးရရည်မှန်းချက်အရဆန်ဖူလုံလာတော့မှာဖြစ်လို့ ၂၀၁၅ မှာ ဆန်တင်သွင်းမှု ပိတ်ပင် လိမ့်မယ်လို့စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးမှ ဆိုပါတယ်။လွန်ခဲ့တဲ့ သီတင်းပတ် ကပြည်တွင်း ဆန်စပါး ကဏ္ဍကိုကာကွယ်ဖို့နဲ့ ပြည်တွင်းဆန်ထုတ် လုပ်မှုမြှင့်တင်ဖို့ ဆန်တင်သွင်းမှုအပေါ် အလျင်အမြန်ပိတ်ပင် လိုကြောင်း နိုက်ဂျီးရီးယား ဆန်စက်လုပ်ငန်းရှင် များနဲ့ ထုတ်လုပ်သူများမှ တောင်းဆို ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီလို ပိတ်ပင်မှုကို တိုးတက်နေတဲ့ လူဦးရေနဲ့ အညီ ပြည်တွင်း ဆန်ဖူလုံတဲ့နိုင်ငံ ဖြစ်လာမှသာဆောင်ရွက်မယ်လို့ ၀န်ကြီးမှ ဆိုပါတယ်။ ဆန်ဖူလုံမှသာ ဆန်တင်သွင်းမှုကို လုံးဝရပ်ဆိုင်းမှာဖြစ် လို့ တဖြည်းဖြည်းခြင်းဆောင်ရွက်ရ မှာဖြစ်ကြောင်း၊ ၀န်ကြီးမှ ပြည်တွင်းသတင်းဌာနကို ပြောကြားခဲ့တယ်လို့ oryza.com မှာဖော်ပြခဲ့ပါတယ်။ စိုးရအနေနဲ့ ပြည်တွင်း ဆန်ထုတ်လုပ်မှု မြှင်တင်ရေး အတွက်အဆင့်များစွာ ဆောင်ရွက်နေတယ်လို့ လည်း ဆိုပါတယ်။ အစိုးရဟာ တောင်သူတွေကို အတိုးနှုန်း နည်းတဲ့ ချေးငွေနဲ့ ဓာတ်မြေသြဇာ၊ မျိုးစေ့၊ အခြားလယ်ယာ သုံးစက်ပစ္စည်းများ ထောက်ပံ့ဖို့ လည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။ နိုက်ဂျီးရီးယားနိုင်ငံဟာ ဆန်တန်ချိန် ၂ ဒသမ ၇ သန်း ၀န်းကျင်ထုတ်လုပ်ပြီး ၎င်းရဲ့ ပြည်တွင်းလိုအပ်ချက် တစ်နှစ် တန်ချိန် ၅ သန်းကျော်ကို ဖြည့်ဆည်းနိုင်ဖို့ တန်ချိန် ၂ ဒသမ ၅ သန်း ၀န်းကျင် တင်သွင်းနေရပါတယ်။