အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။

 ပြည်ထောင်စု အစ္စလာမ်မစ်အီရန် နိုင်ငံအပေါ် အမေရိကန်ဦးဆောင်သော ဥပဒေမဲ့ စီးပွားရေး အရေးယူ ပိတ်ဆို့မှု့များကြောင့်

 ပြည်ထောင်စု အစ္စလာမ်မစ်အီရန်နိုင်ငံသား လူနာများ၏ ဘ၀အပေါ် ဆိုးဝါးစွာ အကျိုး သက်ရောက်လျှက် ရှိနေချိန်တွင်

အမေရိကန် နိုင်ငံသားများအသက်ကို  ပြည်ထောင်စု အစ္စလာမ်မစ် အီရန် ဆေးပညာက ကယ်တင်လျှက် ရှိသည်။

တနင်္ဂနွေနေ့က ဝေါစထရိတ်ဂျာနယ်၏ အင်တာနက် အစီရင်ခံစာတွင် အာဖဂန်နစ္စတန်ရောက် နယ်ခြားစစ်တပ်များအား

အာရှအလယ်ပိုင်းရှိ မြွေဟောက်ကိုက်ခံရမှုများ၊ ငန်းစောင်းနှင့် အခြားသော အနောက်တောင်အာရှ၏ ထူးခြားသောမြွေ

အကိုက်ခံရမှုများကို ကုသရန် အမေရိကန် ကာကွယ်ရေးဌာန အနေဖြင့်  ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံ၏ ဆေးဝါး

သုတေသန နည်းပညာနှင့်ဆေးဝါးထုတ်လုပ်မှု လိုအပ်သည် ဟုထုတ်ဖေါ် ပြောခဲ့သည်။

“အမေရိကန်ဗဟိုမှ ထုတ်ပြန်သော ဆေးပညာ လမ်းညွှန်တွင် အီရန်နိုင်ငံ၏ ရာဇီ မြွေဆိပ်ဖြေဆေးနှင့်

သွေးရည်ကြည် သုတေသန အဖွဲ့မှ ထုတ်လုပ်သော ဆေးဝါးများသည် မြွေဆိပ်ကုထုံးပညာတွင် ပထမတန်း

စားဖြစ်သင့်သည်။”ဟု အရာရှိတဦး၏ ပြော စကားကို ကိုးကားဖေါ်ပြသည်။

“ ပြည်ထောင်စု အစ္စလာမ်မစ်အီရန်ရဲ့ မြွေဆိပ်ဖြေဆေးက အကောင်းဆုံးဘဲ” ဟု အာဖဂန်တောင်ပိုင်း အခြေစိုက် အမေရိကန်ရေတပ်နှင့်

ကပ်လျှက်ရှိသော ဗြိတိန် ဦးဆောင်သည့် ဘော့စတွန် ယာယီအခြေစိုက် ဆေးရုံ ဆေးဝါးသိုလှောင်ရုံမှ ဆေးပညာ ညွှန်ကြားရေးမှုး

ဗိုလ်မှုးကြီး ရော့ဘ်ရပ်စဲလ် က ပြောပါသည်။

အစီရင်ခံစာတွင်  အမေရိကန်နိုင်ငံ ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း (FDA) မှ အသိအမှတ်ပြုသော အမေရိကန်ထုတ် မြွေဆိပ်ဖြေဆေးမှာ “အာဖဂန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မြွေကိုက်မှုများအပေါ် မစွမ်းဆောင်နိုင်ကြောင်း” မီးမောင်းထိုးပြခဲ့သည်။

အမေရိကန် အဖွဲ့အစည်းများအနေဖြင့်  ပြည်ထောင်စု အစ္စလာမ်မစ်အီရန်နိုင်ငံသို့ ဆေးနှင့် ဆေးပစ္စည်းများ ရောင်းချခွင့်မပြုရဟု

ပိတ်ပင်ထားသော်လည်း ပို့ကုန်လုပ်ငန်းရှင်များမှာ အထူးလိုင်စင်များ လျှောက်ထားရန် လိုအပ်ပေသည်။  ထိုအမိန့်တို့ စတင်ပေါ်

ထွက်လာသည့်အခါ ဘဏ်များမှတဆင့် ငွေလွှဲခြင်းတို့မှာ လျှင်မြန်စွာ ပြုလုပ်ရန် မဖြစ်နိုင်အောင်ရှိနေခဲ့ပြီး  ပြည်ထောင်စု

အစ္စလာမ်မစ်အီရန်နိုင်ငံ၏ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတို့ကို နှေးကွေးလေးလံစေပါသည်။ လူနာ

သန်းပေါင်းများစွာတွင် အဖြစ်များသည့် ရောဂါများဖြစ်သည့် မွေးရာပါ သွေးအားနည်းရောဂါ၊ သွေးမတိတ်သောရောဂါ၊

အသဲရောင်ရောဂါ၊ အအေးပိုင်း ဒေသတွင်သာ တွေ့ရှိရသော ဦးနှောက်နှင့် အာရုံကျောမကြီး ထူမာသည့်ရောဂါ။ ဆီးချိုရောဂါ နှင့်

အခြားသော ရောဂါများအား ကုသရန် အခက်အခဲများတွေ့ကြုံနေပေရသည်။ ထိုသို့သော အမေရိကန်တို့ ဖန်တီးလာခဲ့သည့်

ပိတ်ဆို့အရေးယူမှုများကြောင့်  ပြည်ထောင်စု အစ္စလာမ်မစ် အီရန်လူနာများ၏ အသက်အန္တရာယ်ကို ထိခိုက်လာစေသည်။

အမေရိကန်တို့၏  ပြည်ထောင်စု အစ္စလာမ်မစ်အီရန်နိုင်ငံအပေါ် လူမဆန်သည့်  ဆန့်ကျင် ချမှတ်ထားသော ပိတ်ဆို့မှု အမိန့်များရဲ့

အကျိုးဆက်ကြောင့် သွေးမတိတ်သည့်ရောဂါ ခံစားနေရသော  ပြည်ထောင်စု အစ္စလာမ်မစ်အီရန် ဆယ်ကျော်သက်အရွယ် တဦးမှာ

ဆေးရုံတွင် လိုအပ်သောဆေးဝါး မပြည့်စုံသဖြင့် နိုဝင်ဘာလအတွင်းက အသက်ဆုံးရှုံးခဲ့၇သည်။

ထင်ရှားကျော်ကြားသော အီရန်စာရေးဆရာ ဒေါက်တာ အစ္စမေးစလာမီက အမေရိကန်တို့ ဖန်တီးယူထားသည့် လူမဆန်သော

ပိတ်ဆို့သည့် အမိန့်များအပေါ် မီးမောင်းထိုးပြခဲ့သည်။

“ ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံအပေါ် တမင်သက်သက် ပြစ်ဒဏ်ချမှတ်သည့် ဥပဒေနှင့်မညီသော ပိတ်ဆို့အမိန့်များသည်

အမှန်တကယ် လူနာသန်းပေါင်းများစွာ၏ အသက်ကို ထိခိုက်ဆုံးရှုံးစေသည့် လူမဆန်သော လုပ်ရပ်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး

ဥပဒေကို ဆန့်ကျင်သော လုပ်ရပ်ဖြစ်သလို  လူသားဝိဥာဉ်များအပေါ် လုံးဝမှန်ကန်သော  လူမဆန်သည့် လုပ်ရပ် ဖြစ်သည်” ဟုေ

ဒါက်တာ စလာမီက အောက်တိုဘာ ၁၉ရက်နေ့က တီဗွီ သတင်းစာ ရှင်းလင်းပွဲ အင်တာနက်စာစောင် တွင် ရေးသားခဲ့သည်။

ရာဇီ အဆိပ်ဖြေဆေးဌာန၏ သုတေသနခေါင်းဆောင် ဟဒီဇာရာက အီရန်အဆိပ်ဖြေဆေးကို ရည်ညွှန်းလျှက် “ကျွန်တော်တို့က

ဒါကိုလူသားများ အသက်ကယ်ဖို့ လုပ်တာပါ။ ဒီတော့ အီရန်နိုင်ငံသား၊ အာဖဂန်နိုင်ငံသား၊ အမေရိကန်နိုင်ငံသား၊  ဆိုတာတွေက

အရေးမကြီးပါဘူး။ အမေရိကန် စစ်သားကို အသက်ကယ်လိုက်တယ် လို့ကြားရတာတောင် ကျွန်တော်တို့ ၀မ်းသာပါတယ်။”

ဟုပြောခဲ့သည်။

အမေရိကန်တို့ ဖန်တီးသည့် ဥပဒေမဲ့ အမိန့်များမှာ  ပြည်ထောင်စု အစ္စလာမ်မစ်အီရန်နိုင်ငံသည် အနုမြူ စွမ်းအင် ပြုလုပ်ရန်

ရည်ရွယ်နေသည် ဆိုသည့် အရပ်သားများနှင့်မဆိုင်သော မသေချာသည့် စွပ်စွဲချက်မျးအပေါ် အခြေခံရ်ျ  ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 ပြည်ထောင်စု အစ္စလာမ်မစ်အီရန်က အနုမြူ မပြန့်ပွားရေး သဘောတူစာချုပ် (NPT) တွင်ပါဝင် လက်မှတ် ရေးထိုးပြီးဖြစ်ကြောင်း

နှင့် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ပြီးဖြစ်ကြောင်း၊ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းသော

ရည်ရွယ်ချက်များအတွက် သုံးစွဲနိုင်ခွင့်ရှိကြောင်း လျှောက်လဲလျှက် စွပ်စွဲချက်များအပေါ် ငြင်းဆိုသည်။

မှတ်ချက် ကမ္ဘာ့ ပုလိပ်ကြီး အမေရိကန် နိုင်ငံသည်  ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံအပေါ် အကြောင်းမရှိ အကြောင်းရှာပြီး

အီရန် နိုင်ငံ ၏ အနုမြူ စွမ်းအား တိုးတက်လာမှု အား ကဘမ္ဘာ့အတွက် စိုးရိမ်ရသည့်ဟု ဆိုပြီး အခြား တောင်ကိုရီးယား၊ တရုတ် ၊ဂျပန် ၊

အစ္စရေး ၊ ရုရှ နှင့် မိမိနိုင်ငံ တို့၏ အနုမြူ စွမ်းအား တိုးတက်လာမှု ကို ကမ္ဘာ့အတွက် မစိုးရိမ် ရဟု မှတ်ချက်ချထားခြင်းသည့် မတရားပြီး

လူမဆန်သည့်လုပ်ရပ် ဖြစ်ပေသည်။