အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ

“ကမ္ဘာ့နိုင်ငံ အသီးသီးက ဗုဒ္ဓဘာသာ အကြီးအကဲများဖြစ်တဲ့ မိမိတို့အနေနဲ့ လက်ရှိမြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပဋိပက္ခပြဿနာများအတွက် စာနာမှုနဲ့ အတူ မေတ္တာ ပို့သလိုက်ပါတယ်။”

မိမိတို့အနေနဲ့ လက်ရှိ မြန်မာနိုင်ငံဟာ ကောင်းမြတ်တဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဆက်တိုက် သိသိသာသာ ဖြစ်ပေါ်တိုးတက်နေတာနဲ့အတူ ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင်တွေရဲ့ ဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခတွေ အကြမ်းဖက်မှုတွေကို ၀မ်းနည်းစွာတွေ့မြင်နေရပါတယ်။

မိမိတို့အနေနဲ့ ပြည်သူများဟာခေတ် အဆက်ဆက် အလွန်သန့်စင်မွန်မြတ်တဲ့ ဗုဒ္ဓတရားဓမ္မကို လေးလေးနက်နက် ကျင့်သုံးလိုက်နာနေထိုင်ခဲ့ကြတဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ လူမျိုးများ ဖြစ်တယ်ဆိုတာ ကောင်းစွာသိရှိကြပါတယ်။

ဒါကြောင့် မြတ်စွာဘုရားရဲ့ အဓိကအကျဆုံးတရားတော်များဖြစ်တဲ့ အကြမ်းမဖက်ခြင်း၊ အပြန်အလှန်လေးစားခြင်း စတဲ့ တရာတော်များအတိုင်း ကျင့်သုံး လိုက်နာခြင်းဖြင့် မြန်မာပြည်သားများ ကောင်းကျိုးချမ်းသာ ရနိုင်ကြပါစေလို့ မိမိတို့က အလေးအနက် ဆန္ဒပြုလိုက်ပါတယ်။

မြတ်စွာဘုရားဟာ သတ္တ၀ါများကို ညှဉ်းဆဲခြင်း၊ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ရမယ်ဆိုတဲ့ သီလတရားတော်မြတ်ကို ဟောကြားပေးခဲ့ပါတယ်။

သတ္တ၀ါတိုင်းအပေါ် ကရုဏာတရားနဲ့ စောင့်ရှောက်ရမယ်ဆိုတဲ့ တရားကိုဟောကြားခဲ့ပါတယ်။ လူတိုင်းကို ဘယ်လိုပင် အမျိုးဇာတိ၊ ဘာသာအယူဝါဒ ဂိုဏ်းဂဏ ကွဲပြားသူကိုမဆို အဆင့်အတန်း အယုတ်အလတ် မခွဲခြားပဲ တန်းတူညီတူ လေးလေးစားစား ဆက်ဆံဖို့ဟောကြားခဲ့ပါတယ်။

ကျွန်ုပ်တို့အနေနဲ့ မြန်မာပြည်သူများနဲ့အတူတူ မွန်မြတ်တဲ့ တရားတော်များ အတွက် ရဲရဲရင့်ရင့် ရပ်တည်လျက် ရှိပါတယ်။

နောက်ဆုံး မွတ်စလင်မ်များကဖြစ်စေ၊ အခြား တိုင်းရင်းသားများကဖြစ်စေ၊ ကမ္ဘာပေါ်က မည်သည့် ရက်စက်တတ်သူတွေကဖြစ်စေ အကြမ်းဖက်လာခဲ့လျှင်သော်မှ မွန်မြတ်လှတဲ့ ဒီဗုဒ္ဓ တရားတော်များ အတိုင်းပဲ ရပ်တည်လျက် ရှိပါတယ်။

ဒီဓမ္မလမ်းကြောင်းအတိုင်း ရပ်တည်ခြင်း တစ်လမ်းသာလျှင်မြန်မာပြည်သူများ အတွက် ကောင်းကျိုး ချမ်းသာကိုဖြစ်ပေါ်စေပြီးမြန်မာပြည်သူများဟာ ကမ္ဘာပေါ်မှာ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားခြင်း၊ သာတူညီမျှစိတ်ထားရှိခြင်း၊ စိတ်ရှည်သည်းခံတတ်ခြင်း၊ တရားတွေနဲ့ပြည့်ဝတဲ့ ကြီးမြတ်တဲ့ ဂုဏ်သိက္ခာရှိတဲ့ လူမျိုးတစ်မျိုးဖြစ်ကြောင်း ပြသခွင့် ရရုံမက ကမ္ဘာကပါ စံနမူနာ ပြန်ယူရတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထေရ်ကြီးဝါကြီး သံဃာတော် အရှင်မြတ်များနဲ့ ရဟန်းပျိုများ၊ သီလရှင်များနဲ့ တရားနဲ့အညီ ကျင့်သုံးနေထိုင်ကြတဲ့ သူတော်ကောင်းများ အနေနဲ့လည်း ပြည်သူလူထုအပေါင်းကို အပြန်အလှန်လေးစားမှု၊ သနားညှာတာမှု စတဲ့ တရားတော်များ အတိုင်း လေးလေးနက်နက် လိုက်နာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ တိုက်တွန်း သွန်သင် ညွှန်ပြပေးကြဖို့ မိမိတို့အနေနဲ့ လေးမြတ်စွာ လျှောက်ထားအပ်ပါတယ်။

တရားဓမ္မအတိုင်း ပြည်သူများနဲ့ ရပ်တည်လျက်

Ven. Thich Nhat Hanh Nobel Peace Prize Nominee Vietnam

Ven. Bhikkhu Bodhi President Buddhist Global Relief (world’s foremost translator of the Pali Canon) Sri Lanka/USA

Dr. AT Ariyaratne Founder Nationwide Sarvodaya Movement Ghandi Peace Prize Laureate Sri Lanka

Ven. Chao Khun Raja Sumedhajahn Elder, Ajahn Chah Monasteries Wat Ratanavan, Thailand

Ven. Phra Paisal Visalo Chair Buddhika Network Buddhism and Society Thailand

Ven. Arjia Rinpoche VIII Abbot Tibetan Mongolian Cultural Center Mongolia/USA

Ven. Shodo Harada Roshi Abbot Sogenji Rinzai Zen Monastery Japan

Achariya Professor J Simmer Brown Chairperson Buddhist Studies Naropa Buddhist University USA

Ven. Ajahn Amaro Mahathera Abbot Amaravati Vihara England

Ven. Hozan A Senauke International Network of Engaged Buddhists Worldwide

Younge Khachab Rinpoche VIII Abbot Younge Drodul Ling Canada

Ven. Sr. Thich Nu Chan Kong President Plum Village Zen temples France/Vietnam

Dr. Jack Kornfield Vipassana Achariya Convener Western Buddhist Teachers Council USA

Lama Surya Das Dzogchen Foundation International Vajrayana Tibet/USA

Ven. Zoketsu N. Fischer Soto Roshi Fmr. Abbot largest Zen community in the West USA/Japan

Tulku Sherdor Rinpoche Director BI. Wisdom Institute Canada

Professor Robert Tenzin C. Thurman Center for Buddhist Studies Columbia University USA

HH the XIV Dalai Lama Nobel Laureate Tibet/India Though not able to be reached in time to sign this letter, HH the Dalai Lama has publicly and repeatedly stated his concern about the Rohingya Muslims in Myanmar. He urges everyone to continue to practice non-violence and retain the religious harmony that is central to our ancient and revered culture.