အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။
လက်ဘနွန်နိုင်ငံ ရှိ အလာမာ ဟိုစိုင်း(န) ဖွဇ်လွလ္လာဟ် ၏ ရုံးများ ၏ အကြီးအကဲ ဆရက်အလီ ဖွဇ်လွလ်လ္လာဟ် အနေဖြင့်ပြီးခဲ့သည့်
ဒီဇင်ဘာလ၁၀ ရက် နေ့ ကို အီရတ် နိုင်ငံ ပါလီမန် ကိုယ်စားလှယ် နှင့် တွေ့ဆုံစဉ် မိမိတို့ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ငြိမ်ဝပ်ပိပြားမှု
၊လုံခြုံမှု ပြုလုပ်ဖန်တီး နိုင်ဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်ပြီး၎င်းအနေဖြင့် ဤကဲ့သို့ မိမိတို့ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ငြိမ်ဝပ်ပိပြားမှု ၊လုံခြုံမှု ပြုလုပ်ဖန်တီး နိုင်ဖို့၊ပြဿနာ
များအားလုံးဖြေရှင်းနိုင်ဖို့ ကြိုးပမ်းအားထုတ်မှုများလိုအပ်ပြီး ရှီအာ နှင့် စွန္နီ ညီနောင်များ အကြားဘာသာရေး ခွဲလွဲမှုများ ၊
အမြင်မတူမှုများကို ဝေးဝေး ထားဖို့ လိုကြောင်း ပြောကြားခဲ့ပါသည်။
ဤတွေ့ဆုံမှုတွင် လက်ဘနွန် တနိုင်ငံလုံး၏ လက်ရှိ အခြေအနေကို ကွင်းဆင်းလေ့လာ ခဲ့ကြပါသည်။
အီရတ် နိုင်ငံ ပါလီမန် ကိုယ်စားလှယ်အနေဖြင့်လည်း ဆရက်အလီ ဖွဇ်လွလ် လ္လာဟ် အား မိမိ အီရတ်
နိုင်ငံ၏ လက်ရှိ အခြေအနေကို တင်ပြပြီး အသိပေးခဲ့ပါသည်။
အဆုံး၌ အလာမာ မိုဟမ္မဒ် ဟိုစိုင်း(န) ဖွဇ်လွလ္လာဟ်၏ ကဗရ်သို့ ဇေယာရတ်ပြု ၊ဖွာတေဟာ ဖတ်ရန် သွားရောက်ခဲ့ကြကြောင်း
သတင်းရခဲ့ပါသည်။