သာဝကတော်များနှင့်ပက်သက်ပြီးရှီအာအေမာမ် မီယာ ၏ အမြင်

 

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ

 

မှတ်ချက် ။ ။ ဤအမြင်သည် ကျွန်တော် ရှိက်ခ်ဂျမားလ်၏ အမြင်မဟုတ်ဘဲ ကျွန်တော်တို့ရှီအာ အေမာမ်မီယာ မှ အကျော်အမော်အာလင်မ်ကြီးများမှ တစ်ပါးဖြစ်သည့် ဆရက်(သ) ရဇာဟိုစိုင်း(န)နီးနစဗ်မတ်သဇေလ်လဟူ(အီရန်) ၏ (ရှီအာဗာစွက်မီသဟဒ် - ဖွာရစီ + အူရ်သူ) မှ မေးထွန်း ၁၇ ၏ အဖြေအား အစအဆုံး

ဘာသာပြန်တင်ပြလိုက်ခြင်း ဖြစ်ပါသည်။

ရှီအာများဟာ အဆွာဟာကို ဒီလို ဟိုလိုစသည်ဖြင့် စွန်နီ အမည်ခံ နစေဘီသွေး ၊ယဇီးဒ်သွေး … အပြည့်ပါသည့် ငကြောင်များ သူများအကီဒါကို အသေအချာမသိဘဲ

အားချောင်သူများ အသေအချာ ဖတ်စေလိုပါသည်။  အခြား စာရှု့သူများအနေဖြင့် လည်းမိမိတို့ပတ်ဝန်းကျင်တွင်ဤကဲ့သို့မနာဟူစ်များတွေ့လျှင်အမှန်တရားကိုရှင်းပြပေးဖို့ ကျေးဇူးပြုပြီးအသေအချာဖတ်ပေးစေလိုပါသည်။     

တမန်တော်မြတ်ကြီး(ဆွ)ကိုတွေ့မြင်ခြင်းနှင့်စကားလက်ဆုံပြောဆိုခဲ့ သည်ပုဂ္ဂိုလ်များကိုရှီအာတို့အမြင်၌အုပ်စုများအဖြစ်ခွဲခြားထားပါသည်။ကျွန် တော်အနေဖြင့်ဤအကြောင်းအရာကိုမရှင်းလင်းမတင်ပြမည်အလျှင်ဆွာဟာဘာ(ခ)သာဝက၏အနက်အဓိပ္ပါယ်ကိုခြုံငုံဖွင့်ဆိုချက်ဖြင့်ပြောရမည်ဆိုလျှင်ပို၍သင့်လျော်ပေမည်။

 ဤနေရာ၌ တမန်တော်မြတ်ကြီး(ဆွ)၏ဆွာဟာဘာနှင့်စပ်လျဉ်းပြီးဖွင့် ဆိုချက်အမျိုးမျိုးလာရှိရာအချို့ကိုမီးမောင်းထိုးပြပါမည်။

၁။စအီးဒ်ဗင်မစီးဗ်အနေဖြင့်ဖွင့်ဆိုသည်မှာ-

 “အကြင်သူကိုဆွာဟာဘာဟုခေါ်ဆိုပါသည်။၎င်းအနေဖြင့်တစ်နှစ်(သို့)၂ နှစ်ကိုယ်တော်နှင့်အတူတစ်ကြိမ်(သို့)နှစ်ကြိမိကိုယ်တော်နှင့်စစ်တိုက်ဖူးသူ ဖြစ်ရပေမည်။“[1]

၂။ဝါက်ဒီအနေဖြင့်ဖွင့်ဆိုသည်ကား-

 “ပညာရှင်များ(အိုလမာ)အမြင်၌အကြင်မည်သူမဆိုတမန်တော်မြတ် (ဆွ)ကိုမြင်တွေ့မည်၊ပြီးနောက်အစ္စလာမ်ကိုလက်ခံမည်။ထို့နောက်သာသနာ့ နှင့်ပက်သက်သည့်အမိန့်တော်များကိုစဉ်းစားတွေးခေါ်မည်။ပြီးနောက်သဘောကျမည်၊တစ်နေရာတည်း၌တစ်နာရီမျှပင်တမန်တော်မြတ်(ဆွ)နှင့်အတူရှိမည်ဆိုလျှင်ဆွာဟာဘာဖြစ်ချေသည်။“[2]

၃။မိုဟမ္မဒ်ဗင်အစ္စမာအီးဘုခါရီအနေဖြင့်ဖွင့်ဆိုချက်ကား-

 “မွတ်စလင်များမှမည်သူမဆို တမန်တော်မြတ်ကြီး(ဆွ)နှင့်လက်ဆုံစ ကားဆိုဖူးမည်၊(သို့)တွေ့ဖူး၊မြင်ဖူးမည်ဆိုပါကကိုယ်တော်၏ဆွာဟာဘာဖြစ်ပေသည်။“[3]

၎။အဟ်မဒ်ဗင်ဟန်ဗဲလ်အနေဖြင့်ဆိုထားသည်မှာ-

 “အကြင်မည်သူမဆိုကိုယ်တော်မြတ်နှင့်အတူတစ်လ(သို့)တစ်ရက်(သို့)တစ်နာရီစကားလက်ဆုံပြောဖူးမည်(သို့)တွေ့ဖူးမည်ဆိုလျှင်ဆွာဟာဘာဖြစ် ပေသည်။“

အဟ်လေစွန္နတ်အိုလမာအမြင်၌(عدالت صحابه)“သာဝကများ၏တရားမျှ တမှု“သည်တစ်ညီတစ်ညွတ်တည်းလက်ခံထားသည့်အဆိုတစ်ခ