၂၇ ဒီဇင်ဘာ ၂၀၁၂ - ၂၀:၃၀

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန။။အဗ်နာအပြည်ပြည်ဆိုင်ရာ။။ဒီဇင်ဘာလ(၂၆)ရက်နေ့ကအစ္စလာမ်ယဉ်ကျေးမှုနှင့်ဆက်နွယ်သော အဆောက်အအုံတွင်အီရန်၊မလေးရှားနှင့်စင်္ကာပူနိုင်ငံတို့၏တူညီသောအချက်များကိုလေ့လာရန်ဆိုသောခေါင်းစဉ်ဖြင့်အစည်းအဝေးပြုလုပ်ခဲ့ကြသည်။အီရန် အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော်မြတ်ကုရ်အာန်သတင်းဌာနမှအစ္စလာမ် ယဉ်ကျေးမှုအဖွဲ့အစည်းမှတင်ပြထားသည်မှာထိုအစည်းအဝေးတွင်မိန့်ခွန်းပြောကြားသူ ဆရတ်ဒ်ဖရီးဒွလ်အသွာလ်သည်လူမှုဆက်ဆံရေးဌာနမှမလေးရှားနိုင်ငံခေါင်းဆောင်နှင့် ၊စင်္ကာပူတက္ကသိုလ်မှခေါင်းဆောင်ဖြစ်သောဒေဖါသမာန်းတို့ပါဝင်ခဲ့ကြသည်။(၂၆.၁၂.၂၀၁၂)ဗုဒ္ဓဟူးနေ့မနက်(၁၀)မှ(၁၂)နာရီအထိအပြည်ပြည်ဆိုင်ရာလူထုအဖွဲ့အစည်းမှအုပ်စု(၁)၏သဘောတူညီမှုအရအိမ်ရှင်နိုင်ငံအဖြစ်ထိုအစည်းအဝေးကိုကျင်းပခွင့်ပြုခဲ့ကြသည်။ ထိုအစည်းအဝေး၏အခမ်းအနားကိုအပြည်ပြည်ဆိုင်ရာအစ္စလာမ်နှင့်သက်ဆိုင်သောအဖွဲ့ အစည်းနှင့်ယဉ်ကျေးမှုလေ့လာရေးအဖွဲ့အစည်းတို့၏ကြိုးပမ်းမှုကြောင့်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။