အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန။။အဗ်နာအပြည်ပြည်ဆိုင်ရာ။။အေမာမ်ဟိုစိုင်း(န(အ.စ)၏ရက်(၄၀)ပြည့်ဝမ်းနည်းခြင်းအခမ်းအနားကိုလန်ဒန်မြို့ရှိအင်္ဂလိပ်မွတ်စလမန်အဖွဲ့အစည်းသည်ဇန်နဝါရီလ(၃)ရက်နေ့မှ(၆)ရက်နေ့အထိ(၄)ရက်ဆက်တိုက်အေမာမ်၏ဝမ်းနည်းကြေကွဲခြင်းအခမ်းအနားကိုကျင်းပသွားမည်ဖြစ်သည်။အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော် မြတ်ကုရ်အာန်သတင်းဌာန-အီရန်(AIMISLAM) သတင်းဌာနမှထပ်မံတင်ပြထားသည်မှာ-ဤအခမ်းအနားကိုလန်ဒန်မြို့တွင်ရှိသောအကြီးအကဲ များနှင့်အေမာမ်၏အမျိုးအနွယ်များဖြစ်သောဘနီဟာရှင်မ်များလည်းအင်္ဂလိပ်မွတ်စလင်အဖွဲ့အစည်းများနှင့်ကျင်းပမည်ဖြစ်သည်။ဤအခမ်းအနားတွင်ကွမ်းမြို့မှပညာရှင်တစ်ပါးဖြစ်သော ဟွဂ်ျသွလ်အစ္စလာမ်ဝလ်မွတ်စလေမီးန်အီစာရေးဂျဟာန်မှတရားဟောကြားမည်ဖြစ်သည်။ ထိုနည်းတူစွာဤအဖွဲ့အစည်းသည်ဇန်နဝါရီလ(၁၁-၁၂)ရက်တွင်လည်းဝမ်းနည်းခြင်းအခမ်း အနားကိုကျင်းပမည်ဖြစ်ပြီး၊ထိုအခမ်းအနားတွင်တမန်တော်မြတ်ကြီး(ဆွ)ဝဖါသ်(ကွယ်လွန်)ခြင်းနှင့်အေမာမ်ရေဇာ(အ.စ)ရှဟီးဒ်ဖြစ်ခြင်းတို့ကြောင့်ထိုအခမ်းအနားကိုကျင်းပမည်ဖြစ်သည်။