အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ကိုလံဘီယာဏာပိုင်များသည် မက်ဒလီနာဦးစီးဌာနမြောက်

ပိုင်းရှိ ကျေးလက်ဒေသတစ်ခုတွင် ဆေးခြောက်၁ ဒသမ ၂ တန်ကျော် ကို ဇန်နဝါရီ ၆ ရက်၌ ဖမ်းဆီးရမိ ခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ အဆိုပါ ဆေးခြောက်များကို တစ်စွန်းတစ်စရသည့် သတင်းဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သိမ်းယူ ထားသည့် မူးယစ်ဆေးဝါးများ သည် ပြည်တွင်း ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၃၆၉၀ဝ၀ တန်ကြေးရှိကြောင်း၊ ကိုလံဘီယာ နိုင်ငံပြင်ပရောက်လျှင် ယခု ကြမ်း ခင်းဈေးထက် သုံးဆကျော် ရနိုင် ကြောင်း မူးယစ်ဆေးဝါး ထိန်းချုပ် ရေးရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး လူဝီ အယ်ဘာတိုပီရေးဇ်က ဆိုသည်။ "Red dot အမျိုးအစား ဆေး ခြောက် ၁၂၅၀ ကီလိုကို ကမ်းရိုး မူးယစ်ဆေး ၁ ဒသမ ၂ တန်ကျော် ကိုလံဘီယာရဲက ဖမ်းမိ တန်းဘက် သယ်တော့မလို့ဗျ၊ အဲဒီဆေးခြောက်တွေကGo Fast စပီဘုတ်နဲ့ ကာရစ်ဘီယန်ကျွန်း တွေဆီ ပို့ဖို့လုပ်နေကြတာ၊ အဲဒီမှာ ကိုလံဘီယာ ဆေးခြောက်က လက်ရှိ ဈေးကွက်ဝင်ပြီး သုံးစွဲနေကြ တယ်"ဟု ပီရေးဇ်က ဆို သည်။ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်အရ၊ မူးယစ်ဆေးဝါး သိုလှောင်ရာနေရာ ကို လော့စ်ယူရာဘီနိုစ်ဒုစရိုက်အဖွဲ့ တစ်ခုကပိုင်ဆိုင်ပြီး အဆိုပါ မူးယစ် ဆေးဝါးများကို ဆီနာလိုယာရှိ ၄င်း တို့၏အဖွဲ့များဆီ ပို့ပေးရမည် ဖြစ် ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။