အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ဆဖရ်လ ၂၈ နေ့က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ၏ မြို့တော်ဟောင်း ရန်ကုန်မြို့တွင် မြန်မာနိုင်ငံ ဖွား ရှီအာ မိုမင် သူတော်စင်များမှ ဆဖရ်လ ၂၈ ရက်နေ့ အဖြင့် သတ်မှတ်ကြပြီး မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ ဝဖာသ် နှင့် အေမာမ် ဟစန် (အ.စ) ၏ ရှဟဒတ်အထိမ်းအမှတ်အဖြင့် ဝမ်းနည်း ကြေကွဲမှု၊ အဇာဒါရီများ ကျင်းပခဲ့ ကြပါသည်။ဗလီများ ၊အေမာမ်ဘာရာများတွင် မဂျလစ်များ ကို ကျင်းပခဲ့ကြပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရ၏ ခွင့်ပြုချက်များဖြင့် မြို့တွင်း သတ်မှတ်ပေး ထားသည့် နေရာများ တွင် အလံများ လှည့် ခဲ့ကြပေသည်။ ဤနေရာတွင် အမှတ်တရ ဟဒီးစ်တော် ၂ခု အားတင်ပြလိုက်ပါသည်။

မဟာတမန်တော်မြတ်ကြီး (ဆွ)

(၁) မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်ကြားတော်မူသည်။

 (( လူကောင်းလူမွန် ၏ အင်္ဂါ ရပ် ၁၀ ချက် ရှိ ပေသည်။

၁။ အလ္လာဟ် ဟို အရှင်မြတ် အတွက် မိတ် ဖွဲ့ ခြင်း

၂။ အလ္လာဟ် ဟို အရှင်မြတ် အတွက် မိတ်ဖျက်ခြင်း (ရန်သူအဖြစ် သတ်မှတ်ခြင်း )

၃။ အလ္လာဟ် ဟို အရှင်မြတ် အတွက် ပေါင်းစည်းခြင်း

၎။ အလ္လာဟ် ဟို အရှင်မြတ် အတွက် မပေါင်းစည်းခြင်း ၊(ရှောင်ခြင်း)

၅။ အလ္လာဟ် ဟို အရှင်မြတ် အတွက် ဒေါသထွက် ခြင်း

၆။ အလ္လာဟ် ဟို အရှင်မြတ် အတွက်ပျော်ရွင် ခြင်း

၇။ အလ္လာဟ် ဟို အရှင်မြတ် အတွက် အလုပ် လုပ်ခြင်း

၈။ အလ္လာဟ် ဟို အရှင်မြတ် ထံတော်မှ တောင်းခံ ခြင်း

၉။ အလ္လာဟ် ဟို အရှင်မြတ် အတွက် ခူစူအ်နှင့်ခူရှူးထားခြင်း၊ဆိုလိုသည်မှာ အလ္လာဟ် ဟို အရှင်မြတ် အား ကြောက်ရွံ့ရိုသေလေးစားခြင်း ၊စိတ်ထားသန့်ပြန့်စွာထားပြီး ၊အရှက်တရား နှင့် သတိတရားရှိခြင်း ကို ဆိုလို ပေသည်။

၁၀။ အလ္လာဟ် ဟို အရှင်မြတ် အတွက် ကောင်းမှု ပြုခြင်း

တို့ ဖြစ်ပါသည်။ ))

ကြည့် - သိုဟ်ဖသိုလ်အိုကူလ် စာမျက်နှာ ၂၁

(၂ ) အေမာမ် ဟစန် (အ.စ) မိန့်ကြားတော်မူသည်။

((အမှန်တရား နှင့် အမှား အကြား လက် လေးလုံးသာခြားနေပေသည်။ မိမိမျက်စိဖြင့်(အသေအချာ) ကြည့်ပါလေ၊ ထိုအရာသည် အမှန်တရား ဖြစ်ချေသည်။ နားဖြင့် တော့ အမြောက်အများ အမှားစကား များ (လိမ်ညာသည့်စကားများ ) ကို ကြားနေရပေသည်။ ))

ကြည့် - သိုဟ်ဖသိုလ်အိုကူလ် စာမျက်နှာ ၂၂၉