ဇေယာရတ် အမီးရွလ် မိုမေနီး အေမာမ်အလီ (အ.စ) ၏ ဖာဇီလသ်

အဟ်လေ့ဘိုက်(အ.စ) သတင်း ဌာန ၊ အဗ်နာ

ဇေယာရတ်အမီးရွလ်မိုမေနီးအေမာမ်အလီ(အ.စ)၏ဖာဇီလသ်နှင့်စပ်လျဉ်းပြီးအေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူသည်။

((အကြင်မည်သူ မဆို ကျွန်ုပ်၏ ဘိုးတော် (အမီးရွလ်မိုမေနီးအေမာမ်အလီ(အ.စ) ) အား ဇေယာ ရတ်ပြုမည်ဆိုလျှင်အလ္လာဟ်ဟိုအရှင်မြတ်အနေဖြင့်၎င်းသူအတွက်ဇေယာရတ်ပြုရန်လာသည့်လမ်း တလျောက် ခြေလှမ်း တိုင်း အစား ကဘူလ် ဖြစ်ထားသည့် ဟဂ်ျ နှင့်အိုမာရာ အကျိုးစဝဗ် ကို ချီးမြှင့်

ပေးသနားတော်မူမည် ။

 အလ္လာဟ်ဟိုအရှင်မြတ်၏ ကစမ် - အမီးရွလ်မိုမေနီးအေမာမ်အလီ(အ.စ) အား ဇေယာ ရတ်ပြုရန် ခြေလျင် ဖြစ်စေ ၊ အစီးအနင်း နှင့်ဖြစ်စေ လှမ်းလာသည့် ခြေလှမ်း အား ဂျဟန္နမ်ငရဲမီးသည် ထိတွေ့လို ပင်ရမည် မဟုတ်ချေ။

ပြီးနောက် အေမာမ် (အ.စ) အနေဖြင့် ရာဝီ အားမိန့်တော်မူသည်။ ((အဗ်နေမာရေဒ်ဤဟဒီးစ်တော်(အထက်) အား ရွှေရေ ဖြင့် ရေးသား မှတ်တင်ထားပါလေ။))

အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) အနေဖြင့်အခြား ဟဒီးစ်တော် တစ်ပါး တွင် မိန့်တော်မူသည်။

(( နဂျဖ်မြို့တော်တွင် အမီးရွလ်မိုမေနီးအေမာမ်အလီ(အ.စ) ၏အနီးတွင်နေပြီး တစ်ည နေထိုင်ခြင်း သည် နှစ်ပေါင်း ၇၀၀ အေဗာဒသ်ပြုခြင်း၏ အကျိုးစဝါဗနှင့်အတူတူပင် ဖြစ်ချေသည်။  ထိုနည်းတူစွာ  ဆရက်ဒို ရှိုဟဒါ အေမာမ် ဟိုစိုင်း(န) (အ.စ) ၏အနီးတွင်နေပြီး တစ်ည နေထိုင်ခြင်း သည် နှစ်ပေါင်း ၇၀အေဗာဒသ်ပြုခြင်း၏အကျိုးစဝါဗနှင့်အတူတူပင်ဖြစ်ချေသည်။

အမီးရွလ်မိုမေနီးအေမာမ်အလီ(အ.စ) ၏အနီးတွင် နမာဇ် ဖတ်ခြင်းသည် နမာဇ် ၂သိန်း ဖတ်ခြင်း၏ အကျိုးစဝါဗနှင့်အတူတူပင်ဖြစ် ချေသည်။))

မရ်ဟွမ် ဆရက် မဟ်ဒီကဇ်ဝီးနီ (ရ.ဟ ) မှ မိမိ၏ ကျမ်း

(فلک النجاة  )တွင် ရေးသား သီးကုံးထားပါ သည်။ မိမိ၏ ဆရာသမား ၊ကဝိ ပညာရှင်းကြီးများ တချို့ မှ ကြားသိခဲ့ရသည်မှာ - အမီးရွလ်မိုမေနီးအေမာမ်အလီ(အ.စ) ၏အနီးတွင်နေပြီး အသက်ရှူ ခြင်း သည် နှစ်ပေါင်း ၄၀၀ အေဗာဒသ်ပြုခြင်း၏ အကျိုးစဝါဗ်နှင့်အတူတူပင် ဖြစ်ချေသည်။ 

ကြည့် - ဟဒီယာသွဇ်ဇာဟေရီး(န) ကျမ်း၊ စာမျက်နှာ ၁၇၈

အေမာမ်ရေဇာ(အ.စ) ဇေယာရတ်အမီးရွလ်မိုမေနီးအေမာမ်အလီ(အ.စ)

၏ဖာဇီလသ်နှင့်စပ်လျဉ်းပြီး မိန့်တော်မူသည်။

((ဇေယာရတ်အမီးရွလ်မိုမေနီးအေမာမ်အလီ(အ.စ)၏ဖာဇီလသ် အား ဇေယာရတ် အေမာမ်ဟိုစိုင်း(န) (အ.စ) ၏ ဖာဇီလသ် နှင့် ယှဉ်ကြည့်မည်ဆိုလျှင် အေမာမ်အလီ(အ.စ)သည်မိမိ၏သားတော်

အေမာမ်ဟိုစိုင်း(န) (အ.စ) ထက် သာလွန် သကဲ့ သို့ ဖြစ်ပေသည်။ ))

ကြည့် - ဝဆာ အေလွရှ် ရှီအာ ကျမ်း အတွဲ ၁၀ / စာမျက်နှာ ၂၉၇