အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန။။အဗ်နာcastlesssဂျာမနီနိုင်ငံ မြောက်ပိုင်း Mecklenburg-Vorpommern ပြည်နယ်၊Schwerin မြို့ မှာ တည်ရှိတဲ့ ရဲတိုက် ဖြစ်ပါတယ်။၁၀ ရာစု ကတည်းက တည်ရှိတဲ့ ရဲတိုက် ဖြစ်ပြီး ကမ္ဘာ့အလှဆုံးရဲတိုက် စာရင်းထဲမှာ ပါရှိပါတယ်။ ခေတ်အဆက်ဆက် မင်းဆက်အမျိုးမျိုးပြောင်း လဲပြီး ခံတပ်ကောင်းတစ်ခုလည်း ဖြစ်ခဲ့ ပါတယ်။ရေလယ်ခေါင်မှာ တည်ရှိနေတာလည်း ဖြစ်တဲ့အတွက် ခံတပ်အတွက်အကောင်းဆုံး နေရာလည်း ဖြစ်ပါတယ်။ခေတ်အဆက်ဆက် ထိန်းသိမ်းထားနိုင်လို့ နိုင်ငံရဲ့  သမိုင်းဝင် ပြတိုက် တစ်ခုအနေနဲ့လည်း ယနေ့တိုင် တည်ရှိနေရခြင်း ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ပြတိုက်မှာ Petermännchen အမည်ရ မင်စာ ရှိတယ်လို့လည်း ယနေ့တိုင် လူသိများပါတယ်။ စိမ်းလမ်းစိုပြည်နဲ့ ပတ်ဝန်းကျင် ကြားမှာ တည်ရှိနေတဲ့ Schwerin ရဲတိုက်ကို ယခုလို မြင်တွေ့ ရပါတယ်။